" ဟင် အင်းပြန်ကြတာပေါ့ ခင်များနဲ့ တွေ့ရတာ ကျွန်တော် club တက်ဖို့အချိန်တွေပုတ်တယ် ဒါဆိုသွားလိုက်ပါအုံးမယ် "

ဓာတ်လှေကားထဲ Taehyung က အရှေ့မှာ လက်သဲကိုက် လို့ စဥ်းစားခန်းဖွင့်နေသည်..
Jungkook က Taehyung ရဲ့ အနောက်မှာ ရပ်လို့နေကာ အတူတူ ဆင်းလာကြချိန် Hotel ရဲ့ 27 ထပ်အရောက် casino ဝိုင်းတွေကနေ ထွက်လာကြတဲ့ တရုတ်လူမျိုး ခက်ဝဝ ယောကျား 5 ရောက်က သူတို့နဲ့ဓာတ်လှေကားအတူတူ စီးဖို့ဝင်လာချိန်မှာတော့ Taehyung က ထိုလူတွေကိုရှောင်ရင် နောက်ဆုတ်လိုက်တာကြောင့် သူနောက်မှာ ရပ်လို့နေတဲ့ Jungkook ကိုတိုက်မိတော့သည်..နောက်ပြန်ခေါင်းလေးမော့ကာကြည့်လိုက်တော့ သူထက်ခေါင်းတလုံးလောက်ပိုမြင့်တဲ့ Jungkook က သူ့ကိုအပေါ်ကနေငုံ့ကြည့်လာသည်..

သူကလည်းတိုက်သေးသူကလည်း မျက်စောင်းထိုးသေးဆိုတာ Kim Taehyung ကိုပြောတာပဲဖြစ်မည်..

မျက်စောင်းလေးထိုးကာ ရှေ့နည်းနည်းပြန်တိုးရပ်လိုက်ပေမယ့် ဟို တရုတ်လူမျိုး 5 ယောက်က အရက်တွေလည်းမှုးနေကြသေးသလို တယောက်နဲ့တယောက် အာပေါင်အာရင်းသန်သန်နဲ့စကားတွေပြောကာ ရီနေကြရင်း သူတို့ထဲက တယောက်က မှုးပြီးယိုင်ကာ Taehyung ကိုတိုက်မိတော့မယ့်အချိန်မှာ Jungkook က Taehyung ရဲ့ လက်မောင်းလေးကနေဆွဲကာ ဒေါင့်မှာကပ်လိုက်ပြီး သူကအရှေ့ကနေကာပေးလိုက်တော့သည်..

နှစ်ယောက်သား ဒေါင့်လေးတဒေါင့်မှာ မျက်နှာခြင်းဆိုင်အနေအထား ခန္တာကိုယ်ခြင်းနီးကပ်ကာ Taehyung က ထိုအဖြစ်အပျက်ကြောင့် Jungkook ကို မော့ကာကြည့်နေမိသလို Jungkook ကလည်း အဆင်ပြေရဲ့လားဆိုတဲ့ အကြည့်နဲ့ Taehyung ကိုကြည့်လိုက်မိတော့ နှစ်ယောက်သားအကြည့်ခြင်းစုံသွားကာ အကြည့်တို့မလွဲနိုင်ကြည့်နေမိကြပြီး ဓာတ်လှေကား ရပ်သွားချိန်မှ အသိပြန်ဝင်ကာ မျက်နှာလွှဲလို့ အရှေ့ကလူတွေထွက်သွားပြီး အနောက်ကနေလိုက်ထွက်လာကြကာ ကားပါးကင်ရောက်တော့ Taehyung ဟာ အရှေ့က ထွက်သွားဖို့လုပ်တော့အနောက်ကနေလှမ်းခေါ်လိုက်တဲ့ Jungkook.

" Kim Taehyung shi "

Jungkook ရဲ့ခေါ်သံကြောင့် သွားနေရာကနေရပ်လို့သွားပြီး အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့ Taehyung..

Impersonator Lover (complete) Where stories live. Discover now