ဆောင်းဟွန်း၏ ကျစ်လစ်သော ကြွက်သားများရှိသည့် ၀မ်းဗိုက်ညာဘက်ခြမ်းတွင် အရုပ်ဆိုးလှသော ‌မြှားဒဏ်ရာကြီးက ကန့်လန့်ဖြတ်တည်ရှိလို့နေလေသည်။



မြှားဆိပ်မိလျှင် မြှားကို ဆွဲထုတ်၍မရသဖြင့် ဆောင်းဟွန်း၀မ်းဗိုက်တွင် ဓါးဖြင့်ပိုင်းဖြတ်ထားသော မြှားထိပ် ငါးပုံတစ်ပုံခန့်လောက် ကျန်ရှိနေသေးသည်။


မြှားဒဏ်ရာမှာ အနီးကပ်ပစ်ခြင်းခံထားရသည့်အတိုင်း အတော်လေး နက်နက်နဲနဲစိုက်၀င်လို့နေပြီး အဆိပ်ကတော့ တစ်ကိုယ်လုံးပျံ့နှံ့လို့နေပြီဖြစ်သည်။



သွေးဆွေးမြေ့အဆိပ်ဟူသည်မှာ နာမည်အတိုင်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။


အဆိပ်မိသူသည် ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများအပြင် သွေးကြောများထဲထိ အဆိပ်၏တိုက်စားခြင်းကို ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း ပျက်စီးယိုယွင်းလာကာ နောက်ဆုံးတွင် ပုတ်သိုးဆွေးမြေ့ပြီးသေဆုံးသွားရလိမ့်ပေမည်။



သွေးဆွေးမြေ့အဆိပ်သည် အဆိပ်များထဲတွင်မှ ချက်ချင်းအဆိပ်မ်ိပြီး သေသွားနိုင်သည့်အဆိပ်မဟုတ်ဘဲ ဖော်မပြနိုင်လောက်တဲ့ဝေဒနာကိုခံစားရပြီးကာမှ ရုပ်ပျက်ဆင်းပျက် အသေဆိုးနဲ့သေရမည့်အဆိပ်ဖြစ်လေသည်။


ထိုမျှလောက်ဆိုးဝါးသော အဆိပ်ခတ်ခံရလောက်အောင် ဒီလူတစ်ယောက် ဘယ်လောက်တောင်ဆိုးဝါးတဲ့အရာတွေလုပ်ခဲ့မှန်း ဂျယ်ယွန်းပင်မစဉ်းစားတတ်တော့။



ကံကောင်းသည်က ဤအဆိပ်ကို ကုနိုင်သည်က အင်ပါယာတစ်ခုလုံးတွင်မှ ဂျယ်ယွန်းတစ်ယောက်ပဲရှိလေပြီး ထိုလူကလဲ သူ့ရှေ့တည့်တည့်ရောက်လာမှတော့ ထိုလူကိုကယ်တင်ရမည်မှာ ကံတရားအရသာဖြစ်ပေတော့သည်။



သူ့ရှေ့က လူက ပြောရရင် အတော်အသက်ပြင်းလေသည်။


ဤအဆိပ်မိထားသူက တခြားသူသာဆိုရင် မခံမရပ်နိုင်အောင် ရုပ်ပျက်ဆင်းပျက် လူးလိမ့်လို့နေရပြီး ငရဲထက်ဆိုးဝါးသော ဝေဒနာကိုခံစားနေရပေလိမ့်မည်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Tempat cerita menjadi hidup. Temukan sekarang