သမီးဇောဖြင့် ဦးလွန်းမောင်တစ်ယောက် ပုဆိုးတောင်မနိုင်ရှာ အသဲအသန်ပြေးလိုက်ရသည် လမ်းတွင်လည်း
"မောင်မောင် စိတ်ကိုထိန်း ဖေဖေပြောတာကြားလား"
"မောင်မောင် ဦးလေးပြောတာမှန်တယ် စိတ်ကိုထိန်း"
ကြည်သာရော ဦးလွန်းမောင်ရော မောင်မောင်နောက်တွင်ပြေးလိုက်ကာ အော်နေကြသည်သို့သော်ငြား မောင်မောင်မကြားနိုင်ချေ။
___
"စားရကံကြုံတော့ မုတ်ဆိတ်ပျားဆွဲတာပဲ""ဟုတ်ပါ့ဆရာရာ လှချက်က တကယ်ပါပဲ"
"အဟက် တွေ့ကြပြီပေါ့ကွာ"
နိုင်စောလင်းခွက်ထဲက အရက်အားမော့ချပြီး သွယ်တို့စီ လျှောက်လာခဲ့သည်။
"သိပ်ကိုလှတာပဲဗျာ"
"အစော နွယ်တောင်းပန်ပါတယ် နွယ်တို့ကို လွှတ်ပေးပါ အစောရယ်"
"ထပ်မပြောနဲ့နွယ် ငါနင့်ကို ယူမာစိတ်ချ ဟိုဘက်က တစ်ယောက်ကတော့ မောင်မောင်အသဲကျော်လေးပေါ့ ဟုတ်လား"
"........"
"အယ် အကြောတင်းလေးပဲ"
နိုင်စောလင်း နွယ်တို့နား ကပ်သထက် ကပ်ကာ ရှေ့ကို တိုးလာသည် တဖြည်းဖြည်း နွယ်ပါးအားကိုင်ကာ နမ်းရှိုက်ဖို့အလုပ် အကြည့်က သွယ်စီရောက်သွားသည်။
"ငါ သတို့သမီးလေးကို နောက်မှလုပ်မယ် အခုတော့ မောင်မောင်အသဲကျော်လေးကို ပန်းဦးအရင်ခြွေမယ် နေအုံး သိပ်ကို အကြောတင်းတဲ့နွယ် ဟျောင့် ဖိုးကာ"
"ဗျာ ဆရာ"
"နွယ်ကို မင်းကြိုက်နေတာမလား"
"ဆရာ့ယူမဲ့မိန်းကလေးလေ"
"မင်းကိုပေးတယ်"
"ဗျာ ဆရာ တကယ်ပြောတာလား"
"ငါက မြို့သူချောချောလေးကို သိမ်းပိုက်မာလေ ဒီတောသူကို အရေးမစိုက်တော့ဘူး"
ပြောကာနိုင်စောလင်း သွယ်ကို လှမ်းဆွဲလိုက်သည် သွယ်အားပင်မရှိတော့ ဆက်ကနဲပင် ပါလာတော့သည် သွယ်အား အခန်းတစ်ခုဆွဲ၍ခေါ်သွားသည်။