"ပြန်ရအောင် လာပါ မောင်မောင်ရယ် လာပါနော်"

ကြည်သာဆွဲခေါ်လာသဖြင့် ရစ်ကန်ရစ်ကန်နဲ့မောင်မောင် ပါလာသည် သူအတော့်ကိုဒေါသထွက်နေသည် ဘာကြောင့် ဒီလိုကောင်မျိုးကို သူမစွန့်လွှတ်နိုင်ရတာလည်းတွေးမရ အချစ်ဆုံးသူငယ်ချင်းမို့ လူကောင်းနဲ့တွေ့စေချင်တာ သူ၏စေတနာ။

"ကြည်သာ ဘာဆက်လုပ်မာလဲ"

"ငါနောက်ဆုတ်ပေးမယ်"

"မရဘူး ဆက်ကြိုးစား"

"စည်း.."

"စည်းက လူကောင်းမို့ဆိုငါမပြောဘူး အဲ့လိုကောင်မျိုးကို စည်းထားမနေနဲ့ ချောငယ်ကို အဲ့ကောင်တစ်ကယ်မချစ်ဘူး ချောငယ်ကသာ အပျိုဖြန်းမို့ ရူးရူးမူးမူးချစ်သွားတာ"

_______

"မမသွယ်"

"မောင်မောင်"

"ဘာလို့ရှောင်နေရတာလဲ"

"........"

"ကျစ်"

"........."

"မောင်မောင်ကို ယုံပါ မောင်မောင်အချစ်ကိုယုံပါမမသွယ် မောင်မောင်မမသွယ်ကို အချစ်ထက် ချစ်တယ် မောင်မောင်ကို လက်ခံပေးပါနော်"

"မဖြစ်နိုင်ဘူး မောင်မောင်"

"ဘာကြောင့်လဲ"

"နှစ်ဦးနှစ်ဖက်လုံးက မိန်းမသားတွေကြီးပဲလေ"

"ဟာဗျာ ဘာဆိုင်လဲ မမသွယ်ရာ"

"မမသွယ် ငြင်းပါရစေ"

"မမသွယ်"

မောင်မောင်ဒေါသဖြင့် အော်လိုက်သောကြောင့် မမသွယ်ငြိမ်ကျသွားသည် လန့်သွားသည်ဆိုပို၍မှန်မည် သွယ်လက်ခံချင်သည် သွယ်မောင်မောင်အပေါ်မေတ္တာရှိသည် သို့သော် မဖြစ်နိုင်တဲ့အရာကြီး။

မောင်မောင်ဒေါသကို ထိန်းမရတဲ့အဆုံး မမသွယ်၏ နှုတ်ခမ်းကို ချုပ်ပြီး နမ်းချလိုက်သည်
မမသွယ် ရုတ်တရက် ရုန်းနေရာမှ ငြိမ်ကျသွားသောကြောင့် မောင်မောင်လွှတ်ချလိုက်ရာ။

"ဖြန်း"

သွယ် ရှက်စိတ်ကြောင့် မောင်မောင်အားပါးရိုက်လိုက်မိသည်။

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now