"မခေါ်ရင် ရော့ကွာ"

ပြောပြောဆိုဆိုဖြင့် သွယ်အား ပလက်လန်ချလိုက်ပြီး အပေါ်ကအုပ်မိုးကာ နှုတ်ခမ်းကိုထပ်နမ်းမည် အလုပ်

"မောင်"

"ဗျာ မမသွယ်"

"မမသွယ် စဥ်းစားပါ့ရစေ"

ထိုညတွင် ကောက်ရိုးပုံပေါ်က လူနှစ်ဦးကတော့ တော်ယုံနဲ့အိပ်ပျော်မယ် မထင်တော့ပေ။

______
"ဘာ"

"ဟုတ်ပါတယ် ဆရာ ဆရာ့အိမ်မှာဖဲ၀ိုင်းထောင်တဲ့ကိစ္စ မောင်မောင်မွှေပြီးလက်ထောက်ချလို့ အ၀ိုင်းခံရတာပါ"

"တောက်စ် မောင်မောင် မောင်မောင် နင်ထမင်း၀အောင်စားထား"

နိုင်စောလင်း မျက်နှာထက် အပြုံးပန်တစ်ပွင့်စေနေတယ် သို့သော် ကျေနပ်ပီတိအပြုံးမဟုတ် ညစ်ညစ်ကျေကျေအညိုးအပြုံးဖြစ်သည်။

_____

"ဟိတ်"

"ဟာလန့်တာ ဘာတုန်း"

"ညက မမနဲ့ဘယ်ကိုပြေးကျတာလဲ"

"ဘယ်ပြေးပြေးပေါ့ ရှည်လိုက်တာ"

"သနားလို့အောင်သွယ်ပေးမလို့ကို စေတနာနဲ့ကိုမတန်ဘူး"

ထိုသို့ပြောပြီး ​ကြည်သာပြန်ထွက်သွားဖို့အလုပ်

"ကြည်သာဟန်"

"ဘာတုန်း"

"တကယ်လားဟင်"

"မဟုတ်ဖူး ပါးစပ်အားနေလို့ ရှောက်ပြောနေတာ"

"မောင်မောင်ကို ကူညီပေးပါနော်"

"အဖိုးအခက"

"မောင်မောင်မှာ ပေးစရာဘာမှမရှိဘူးလေ"

ထို့သို့ပြောပြီး နှစ်ထပ်ကေခေါင်းလေးကို တဗြင်းဗြင်းကုတ်နေလေရဲ့ ထိုအချိန်အိမ်ရှေ့သို့ ချောငယ်၀င်လာသည်။

"ဟာဟုတ်ပြီ"

"ဘာကိုတုန်း"

"ဟိုမာ ချောငယ်တွေ့လား"

"တွေ့တယ်လေ"

"သူကိုယူမလား အောင်သွယ်ပေးမယ်"

"မကြိုက်ဖူး"

"မျက်၀န်းက လိမ်လို့မရဘူး ကြည်သာဟန်"

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now