🍁//Chapter-9//🍁

Start from the beginning
                                    

မြို့အုပ်မင်းဟာ မုန်းစရာကောင်းလောက်အောင်ကိုပင် Khaotung ရဲ့စကားကိုနားထောင်ခဲ့သည်မလို့...စိတ်ပူနေရတာက တစ်မျိုး...စိတ်တိုရတာက တစ်ဖုံနှင့် Khaotung မှာ ဂရုဏာဒေါသ ဖြစ်ရတော့သည်..........

"ဒီမှာဗျာ..အဲ့လောက် အသက်ကို မနှမြောတဲ့လူ... မမ သူ့ဒဏ်ရာကို ချုပ်ပေးမနေနဲ့တော့..."

ဒေါသတကြီးပြောလာတဲ့ အသေးကောင်လေးကြောင့် ဒဏ်ရာကို ချုပ်ပေးနေတဲ့ Min(မင်မ်)ရဲ့လက်ကို မြို့အုပ်မင်းက ဟန့်တားလိုက်ရင်း......

"အသေးကောင်လေးက သေဖို့ရာ အမိန့်ရှိရင် ကျုပ်က အသက်ရှင်သန်ဖို့ ထူးထူးထွေထွေ ကြိုးစားနေမည့်လူမဟုတ်လို့...အသေးကောင်လေးက မချုပ်နဲ့ဆို...မချုပ်ပါနဲ့တော့လား Min(မင်မ်)ရယ်...သွေးထွက်လွန်ပြီး သေသွားတော့လည်း ကျုပ်ရဲ့ကံပေါ့...မဟုတ်ဘူးလား...."

ထင်ထားတာထက်ကို မုန်းဖို့ကောင်းလွန်းတဲ့ မြို့အုပ်မင်းရဲ့ အနားကို သွားပြီး...သူ့ရဲ့တခြားလက်တစ်ဖက်ကို တဘုန်းဘုန်းထုလို့ အသေးကောင်လေးမှာ ငိုလေတော့သည်....

"သူ့ကို သေချာချုပ်ပေးပါ..မမရယ်..ပြီးတော့..ခင်ဗျား..မုန်းဖို့ကောင်းလွန်းလောက်အောင်ထိ ကျွန်တော့်စကားကို နားမထောင်နဲ့..ကျွန်တော်မကြိုက်ဘူး...မြို့အုပ်မင်း.... "

''တအားချစ်တာကိုးလို့ ကျုပ်ရဲ့အသေးကောင်လေးရယ်..ကျုပ်က အသေးကောင်လေးကို သိပ်ချစ်တာကိုးလို့ဗျာ..."

အသေးကောင်လေးမှာ ဘာမှမပြောဘဲ ရင်ခွင်ထဲမှာသာ တိတ်ဆိတ်နေခဲ့သည်......။
Min(မင်မ်)ဟာလည်း ဒဏ်ရာချုပ်တဲ့ အလုပ်မှာသာ အာရုံရှိနေသည်....။
မိုးစက်မိုးပေါက်တွေ ခေါင်မိုးပေါ်ကျတဲ့ တဖြောက်ဖြောက်အသံထက်...မြို့အုပ်မင်း ရင်ထဲက တဒုတ်ဒုတ်နှင့် နှလုံးခုန်သံဟာ ပို၍ကျယ်လောင်လာသည်.....
မြို့အုပ်မင်းက သိပ်ချစ်တတ်​ေနလို့ပါ အသေးကောင်လေးရယ်........

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

"နေလဲကောင်းသေးတာ မဟုတ်ပဲ...စီးကရက်တွေ သောက်ပြန်ပြီနော်....အနာကျက်မမြန်အောင်..ခင်ဗျား တမင်တကာများကြံရွယ်ပြီး လုပ်နေတာလား မြို့အုပ်မင်း........ "

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now