"အမိန့်ကိုသားတော်လက်ခံပါတယ်...."

ဝဏ္ဏမျက်လုံးအစုံပြူးကျယ်သွားသည်
ဒီဘုရင့်သားက သူနဲ့တစ်ထပ်တည်း တူနေပါရောလား....

"ဟေ့လူ..."
ဝဏ္ဏထိုလူလက်ကိုသွားဆွဲလိုက်ပါသော်လည်း
လေကိုလက်နဲ့ဖမ်းသလိုသာဖြစ်နေပါသည်

သူဘာလုပ်သင့်လဲ ....
မထူးတော့ပါဘူးဒီလူနောက်ဘဲလိုက်တော့မယ်

ဘုရင့်သားဆိုသူက သူ့ရဲ့အဆောင်တော်ဖြစ်ပုံရသည့် 
အခန်းထဲဝင်သွားပြီး ခရီးထွက်ဖို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်သည်
အဲ့ဒီနောက်မှာတော့ မြင်းဖြူကြီးစီးကာ စတင်ခရီးနှင်တော့သည်

ခရီးအတော်အတန်သွားပြီးချိန်မှာတော့
ဓါးရှည်ကိုင်ဆောင်ထားသည့် လူငါးဦးကမြင်းကိုတားတယ်

"အီး!! ဟီး"

မြင်းကိုအရှိန်သက်လိုက်ပြီး ထိုလူတွေကိုလေ့လာကြည့်လိုက်သည်
တောတွင်းဓါးပြတွေထင်တယ်

"အသင်တို့ ကျွန်ုပ်လမ်းကဖယ်ပေး...."

"အသင့်မှာပါလာတဲ့ရတနာတွေထားခဲ့ မဟုတ်ရင်အသင်ဒီမှာဘဲသေရလိမ့်မယ်"

" ချွမ်း!! ကျွန်ုပ်ကအချိန်မီခရီးထွက်ရဦးမှာ အသင်တို့နဲ့အချိန်မဖြုန်းနိုင်ဘူး "
ချက်ချင်းမြင်းပေါ်ကခုန်ဆင်းကာလက်ဆွဲတော်ဓါးရှည်အားဆွဲထုတ်လိုက်သည်

"တိုက်ကြတာပေါ့! "

"ရား!!!!!"

"ချွမ်း!  ချွမ်း! ချွမ်း! ချွမ်း! "

နန်းတော်အတွင်းမှာစစ်ရေးကိုစည်းစနစ်ကျကျသင်ကြားထားရသူမို့
ဒီဓါးပြငါးယောက်လောက်ကတော့ သူအသာလေးအလဲထိုးလိုက်နိုင်သည်

ဒါပေမဲ့ မထင်မှတ်ထားတဲ့အချိန်မှာ နောက်ကျောဘက်က လူကထလာပြီး
ခေါင်းကိုထုချလိုက်တာကြောင့်မေ့မြောသွားရတော့သည်

"ဟေ့! ထဦး ဟေ့လူထဦးလေ"
ဝဏ္ဏဘယ်လိုနှိုးနှိုးအဲ့ဒီမင်းသားကထမလာဘူး

"အရှင် ဖဖုရားက လူတွေနဲ့အဆက်အသွယ် လုပ်တာကိုတားမြစ်ထားတယ်
အခုလိုခိုးထွက်တာဖဖုရားသိရင်မလွယ်လောက်ဘူး"

မြွေဖြူအရှင်《Complete 》Where stories live. Discover now