9

151 23 6
                                    

#Unicode

အခန်း(၉)
ရှေးဟောင်းသင်္ချိုင်းဂူ
<<<<<

ဆဲလ်ဖုန်းက လောလောလတ်လတ်မှ ပြုတ်ကျထားတာဖြစ်လောက်တယ်။ ငါလည်း လှမ်းကောက်ကြည့်လိုက်ရော သွေးတွေရွှဲနေတာနဲ့ ချက်ချင်း ခံစားချက်မကောင်းဘူးဖြစ်သွားရတယ်။
"ကြည့်ရတာ ဒီမှာရှိနေကြတာ ကျွန်တော်တို့တွေချည်းပဲ မဟုတ်ဘူးနဲ့တူတယ်... ဒီကလူအချို့ကတော့ ဒဏ်ရာရနေကြပြီ... ဒီဖုန်းက ကောင်းကင်ပေါ်က ကျလာတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး..."

ဖုန်းရဲ့ ဆက်သွယ်ရမယ့်အချက်အလက်စာရင်းကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖုန်းနံပါတ်က နည်းနည်းလေးပဲရှိတဲ့အပြင် အကုန်လုံးက နိုင်ငံခြားဖုန်းနံပါတ်တွေဖြစ်နေတယ်။ ဒါတွေကလွဲလို့ ဘာမှရှာမတွေ့ခဲ့ဘူး။

"ဘာပဲဖြစ်ဖြစ်ပါ..."
ဦးလေးသုံးက ပြောလိုက်တယ်။
"သူတို့ကို ရှာဖို့ ငါ့အတွက် မဖြစ်နိုင်လောက်ဘူး... ဒါပေမဲ့ မြန်မြန်ဆက်သွားကြရင် ပိုကောင်းလိမ့်မယ်..."

ငါ လျှောက်ပတ်ကြည့်လိုက်ပေမဲ့ ဘာသဲလွန်စမှမတွေ့တာကြောင့် လမ်းဆက်လျှောက်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။ ဒါပေမဲ့ အခုလို တောမျက်မည်းကြီးထဲမှာ ခေတ်ပစ္စည်းတစ်ခုကို တွေ့လိုက်ရတော့ ခံစားရတာ နည်းနည်းထူးဆန်းနေတာနဲ့ အဘိုးကြီးကိုမေးလိုက်တယ်။
"အခုလက်တလော ကျွန်တော်တို့ကလွဲပြီး ဒီတောထဲကို လာတဲ့လူရှိလား?"

အဘိုးကြီးက ရယ်လိုက်တယ်။
"လွန်ခဲ့တဲ့ နှစ်ပတ်ကတော့ လူတစ်အုပ်ဝင်သွားတာတွေ့တယ်.... ဒါပေမဲ့ သူတို့တွေအခုထိ ထွက်မလာကြသေးဘူး.... ဒီနေရာကြီးက အန္တရာယ်များပါတယ် ဆရာတို့ရယ်... အခုပြန်လှည့်မယ်ဆိုရင် အရမ်းနောက်မကျသေးပါဘူး..."

"မကောင်းဆိုးရွားလေးတစ်ကောင်ပဲမလား?"
တကွေ့ကပြောလိုက်တယ်။
"ခင်ဗျားကိုပြောပြလိုက်မယ်... နှစ်ထောင်ချီသက်တမ်းရှိတဲ့ ဖုတ်ကောင်ကတောင် ဒီက သခင်လေးကို ဒူးထောက်ဝပ်တွားရတာ.. သူသာရှိနေရင် မကောင်းဆိုးရွားတွေဆိုတာက ပြဿနာကိုမဟုတ်ဘူး. ဟုတ်တယ်မလား? "
သူ့ကို လေလိုသဘောထားပြီး လျစ်လျူရှုထားတဲ့ မျက်နှာသေကို လှမ်းမေးလိုက်တယ်။ တကွေ့က လျစ်လျူရှုခံရတာကို နည်းနည်းစိတ်ပျက်နေပေမဲ့ သူလုပ်နိုင်တာ ဘာမှရှိမနေဘူးလေ။

Daomu Biji (Myanmar Translation)Where stories live. Discover now