"ဗျာ တင်ပါ့ဘုရား"

ထယ်ယောင်း မရဲတရဲလေး ပြန်ထူးမိသည်။

"ဒကာလေးက ဘုန်းဘုန်းနေခဲ့တဲ့အခန်းမှာ လွတ်လပ်စွာနေပါ တကယ်အကူအညီလိုမှ လှမ်းခေါ်ပါ့မယ်"

ထယ်ယောင်း သိတာပေါ့ မောင်သူ့ကို ပြန်သတိရကာစမို့ နည်းနည်း အဆင်မပြေဘဲ ရှိနေမှာကိုစိုးရိမ်နေတာ

"တင်ပါ့ဘုရား တပည့်တော်လည်း ဒီရက်ပိုင်း ဘုရားရိပ်တရားမှာ အေးချမ်းစွာနေထိုင်မှာပါဘုရား"

တည်ငြိမ်‌အေးချမ်းစွာခေါင်းငြိမ့်ပြီး ဘုရားဝတ်ပြုတော့မည်မို့ သူနှင့် ဘဘုန်းနားက မောင်ထွက်သွားလေသည်။သူ‌ ‌မောင်တော် ဘုန်းကြီးကျောပြင်ကလေးကို ငေးကြည့်နေမိကာ မျက်ရည်လေးတော့ ဝဲမိပါရဲ့

&&&

မနက်ဆို တခြားကပ္ပိယ‌ကြီးတွေထတဲ့အချိန်တိုင်းသူလိုက်ထသည်။

မောင်တော် ဘုန်းကြီးအတွက်လိုအပ်မည်ထင်တာတွေ သူမျက်နှာသစ်ပြီးတာနဲ့ သူ့တစ်နေ့တာကို စတင်လှုပ်ရှားသည်။

မောင်တော် တရားထိုင်သည့်အခါ စိတ်ကြည်မှုရှိစေရန် ဘုရားကျောင်းတော်ပေါ်က ဘုရားပန်းများရေလဲလိုက်သည်။ဘုရားကျောင်းတော် သန့်ရှင်းရေးလုပ်ကာ အ မွှေးတိုင်နှင့်အတူ ဖယောင်းတိုင်ဆီမီးများပါထွန်းညှိပူ‌ဇော်ထားလိုက်သည်။

မောင်တော် တရားထိုင်မည့်နေရာ သန့်ရှင်းရေးလုပ်ပေးသည်။မနက်အစောကြီး မောင်တော် တရားထိုင်ချိန် ခြင်ကိုက်မည်ဆိုးသောကြောင့် နနွင်းဓာတ်ဖြင့် မောင်တော်ထိုင်မည့်နေရာအနည်းငယ်အကွာမှာ ခြင်အန္တရာယ်ကာကွယ်ပေးထားသည်။

မောင်တော် တရားထိုင်ဖို့ကြွလာသည်နှင့်သူ ကြမ်းပြင်ပေါ်ဝပ်တွားခယကာ ရှစ်ခိုးလိုက်သည်။

"စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ဒကာလေး"

ထို့နောက်မောင်တော်သည် တရားထိုင်တော့သည်။

သူဆွမ်းခံမကြွမီ ဆေးကြောပြီးသားမောင်တော်၏ သပိတ်ကို အဝတ်သန့်ဖြင့် သုတ်လိုက်သည်။

ဘေးက ကပ္ပိယကြီးက ပြုံးကာ လိုက်ကြည့်နေသည်။

"သား မမောဘူးလား မနက်တည်းက တစ်စက်တောင်မနားဘူး"

you are coolМесто, где живут истории. Откройте их для себя