Chapter 3.3

74 18 2
                                    

သူတို့နှစ်ယောက် သူတို့အခန်းဆီပြန်ရောက်ပြီးနောက် ကျုံးယန်မှာ အရှက်မဲ့စွာဖြင့် ကုရွှမ်းယန်၏အခန်းသို့ နောက်တစ်ခါသွားလိုက်ပြန်သည်။
သူ့ကိုမတားဘဲ ကုရွှမ်းယန်က တံခါးကိုပိတ်လိုက်ပြီး “ ဆရာတူအကိုက အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းမှာ နှစ်အကြာကြီးနေလာပေမဲ့ တခြားဂိုဏ်းက ဂိုဏ်းသားတွေကို သိနေသေးတာပဲ။”
ကျုံးယန်မှာ အလွန်အကျူး စိတ်လှုပ်ရှားသွားသော သူ့ကိုယ်သူသာ အပြစ်တင်နိုင်တော့သည်။
သူ့သတ္တိတို့ကို စုစည်းပြီး ရှင်းပြလိုက်သည်။ “ အမ်း…. ငါက ကျီချောင်ယန်အကြောင်း ညီလေးတွေပြောတာပဲ ကြားဖူးတာပါ။ သူ့ကို အရမ်း ချီးမွမ်းနေကြတော့ သူက နှစ်သက်စရာကောင်းတဲ့ သူဖြစ်ရမယ်။ ငါက စပ်စုချင်လို့ မေးမိတာပါ။”
ကုရွှမ်းယန် ခေါင်းညိတ်လိုက်ပြီး မျက်နှာတွင် ပျော်ရွှင်မှုရော ဒေါသရော မဖော်ပြဘဲ “ကျွန်တော့အကြောင်းရော?”
“ဟမ်?”
ကုရွှမ်းယန် ညင်ညင်သာသာရှင်းပြလာသည်။ “အခြားသူတွေက ကျွန်တော့ကိုလည်း မကြာခဏ ချီးမွမ်းကြတယ်။ ဆရာတူအကို ကျွန်တော့်ကိုရော ဘယ်လိုထင်လဲ။”
‘ငါ့အမြင်မှာတော့ မင်းက အရူးပဲ…’
ကျုံးယန်အနည်းငယ် မကျေနပ်သော်လည်း သူ့ဦးနှောက်ကို ဖျစ်ညှစ်ပြီး “ ဆရာတူညီလေးကုက အစွမ်းထက်လွန်းတဲ့ ကျင့်ကြံရေးအခြေခံရှိတယ်။ မြင့်မြတ်ပြီး ဂုဏ်သရေသိက္ခာရှိတယ်။ ပြီးတော့ လူငယ်တွေရဲ့ထိပ်သီးပဲ။”
“ဒါပဲလား။”
“ဒါပဲလေ။”
ကုရွှမ်းယန်၏အသံမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။ “ ဆရာတူအကိုက တကယ်ကို စကားလုံးတွေကို ကောင်းကောင်းသုံးနှုန်းတတ်တာပဲ။”
‘တကယ်သာ ငါပြောတတ်ရင် မင်းကဘာလို့ စိတ်ဆိုးတဲ့ပုံပေါ်နေတာလဲ။
’ ကျုံးယန်တကယ်ကို ကုရွှမ်းယန်က ဦးနှောက်ချောင်နေတယ်လို့ ခံစားရသည်။ သို့သော် သူက သူ့(ကုရွှမ်းယန်)ကို စကားချိုချိုလေး ဆက်ပြောနေရသည်။ ခဏလောက် စဉ်းစားနေပြီး ပေါင်းထည့်ပြောလိုက်သည်။ “သေချာတာပေါ့။ ဆရာတူညီလေးကုက ငါ့နှလုံးသားထဲမှာ အကောင်းဆုံးပဲ။”
ထိုစကားကြားပြီးနောက် ကုရွှမ်းယန်၏ အမူအရာ ပြေလျော့လာခဲ့သည်။
ကုရွှမ်းယန်၏ စိတ်ခံစားချက်အပြောင်းအလဲနှင့် ပတ်သတ်၍ ကျုံးယန်မှာ ဘာသဲလွန်စမှမရှိပေ။ သူရှင်းပြနိုင်သော တစ်ခုတည်းသောအရာမှာ ကုရွှမ်းယန်က ပါရမီရှိပြီး ထက်မြက်သည်။ သူ့ကို ချီးကျူးမှုများက သူ့အတွက် အဆန်းမဟုတ်တော့ပေ။ သူက သူ့ရှေ့တွင် အခြားသူများကို ချီးမွမ်းခြင်းကို မကြိုက်ရုံသာဖြစ်သည်။ ထို့ကြောင့်သူ၏ ပြိုင်ဆိုင်လိုစိတ် နှိုးထလာခြင်းဖြစ်သည်။
'သွပ် သွပ် သွပ်… ဗီလိန်တစ်ယောက်က ဘယ်လိုတောင် အမြင်ကျဉ်းနိုင်ရတာလဲ။'
ကုရွှမ်းယန်မှာ ကျုံးယန်၏စိတ်ထဲတွင် သူ့ပုံရိပ်က မုန်းတီးဖွယ်ကောင်းပြီး အမြင်ကျဉ်းသူအဖြစ် သတ်မှတ်ခံလိုက်ရသည်ကို မသိပေ။ ကောင်းကင်မှာ မှောင်လာပေပြီ။
ကုရွှမ်းယန်က မီးညှိလိုက်ပြီး “ဆရာတူအကိုက ပြန်ပြီးအနားယူဖို့ အစီအစဉ်မရှိဘူးလား။”
ချက်ချင်းပဲ ကျုံးယန်က သူ့စိတ်ထဲတွင် ပြင်ဆင်ထားသော ဇာတ်ညွှန်းကို ထုတ်ပြောလာသည်။
“ဆရာတူညီလေး ဒီနေရာမှာ လူတွေအများကြီး တည်းခိုနေတာ။ တကယ်လို့ လုပ်ကြံသူက သူတို့ထဲမှာရှိနေရင်ရော။ အကို့ရဲ့ ကျင့်ကြံရေးက မလုံလောက်လို့ သူသာညဘက် အကို့ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ရင် အကူအညီတောင်းဖို့ အော်နိုင်ပါ့မလားဆိုတာ သံသယဖြစ်မိတယ်။ ဘာလို့ မင်းနဲ့ အခန်းတူတူသုံးလို့မရရမှာလဲ။”
ကုရွှမ်းယန်မှာ ပြန်မဖြေနိုင်ဘဲ အခိုက်အတန့်မျှ အေးခဲသွားရလေသည်။ System မှာ စတင်ပြီး ဖျစ်တောက်ဖျစ်တောက် ပြောလာတော့သည်။
[ ညလယ်ကြီး သူမင်းကို ဓားနဲ့ထိုးမှာကို မကြောက်ဘူးလား။ ]
ကျုံးယန် ဒေါသထွက်ထွက်နှင့် ဖြေလာသည်မှာ [ ဟွန်.. ဒါပေမဲ့ ငါတို့မထွက်လာခင်က သူက ဂိုဏ်းအကြီးအကဲတွေရှေ့မှာ ငါ့ကို ကောင်းကောင်းကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ ငါတို့ ဗုဒ္ဓခန်းမဆောင်ကို ရောက်ရောက်ချင်းနေ့မှာပဲ သူငါ့ကို မသတ်နိုင်ပါဘူး။ ပြီးတော့လည်း ငါထင်တယ်။ သူက ငါ့ထက် ချန်းချင်ကို ပိုသေစေချင်လိမ့်မယ်လို့။ ငါ့ရဲ့ သေဒဏ်လေးကို ခဏလောက်တော့ နောက်ပြန်ဆွဲထားလို့ ရနိုင်ကောင်းပါရဲ့။ ]
System မှာ စကားလုံးများပင် ပျောက်ရှသွားရပြီး နည်းနည်းကြာမှ [ မင်းက အကောင်းမြင်လွန်းတာပဲ။]
ကျုံးယန်က [ ငါက နတ်ဆိုးနဲ့ ပင်လယ်နက်ကြီးကြားရောက်နေတာပဲလေ။]
ကုရွှမ်းယန်က သူ့အကြံကို လက်ခံလိုက်ပြီး “ ဒါဆိုလည်း ကောင်းပြီလေ။ တစ်ခုခုအဆင်မပြေတာရှိရင် တောင်းပန်ပါတယ် ဆရာတူအကို။”
ကျုံးယန်မှာ system နဲ့ ပြောဆိုနေတုန်း သူ့စိတ်ကို ရှင်းထားပြီးသော်လည်း သူ့နှလုံးသားတစ်စိတ်တစ်ပိုင်းတွင်တော့ အကြောက်တရားက ရှိနေသေးလေသည်။ ကုတင်ပေါ်တက်လိုက်ပြီးနောက် သူ့အပြစ်လျော့သွားအောင် သတိထားပြီး “ ဆရာတူညီလေး ကျေးဇူးပြုပြီး အကို့ကို ကောင်းကောင်းကာကွယ်ပေးပါနော်။”
ကုရွှမ်းယန်က ခပ်ဖွဖွရယ်လိုက်ပြီး မီးကို ငြိမ်းလိုက်သည်။ တစ်စက္ကန့်အတွင်း အခန်းမှာ အမှောင်ထုထဲသို့ လုံးဝကျရောက်သွားလေသည်။ ကြားနိုင်တဲ့ တစ်ခုတည်းသော အသံမှာ ကုရွှမ်းယန်၏အသံဖြစ်ပြီး သူ့အသံမှာ သခွားသီးလိုအေးမြ၍ ရေခဲလို အေးစိမ့်နေလေသည်။
“ သေချာတာပေါ့ ဆရာတူအကို။”
ထိုအခိုက်အတန့်တွင် ကျုံးယန်မှာ နောင်တတရားတို့ လွှမ်းခြုံသွားရသည်။
‘ ငါဘာလို့ အမှတ် ၂၀ကို လက်မလျော့လိုက်ရတာလဲ။ ငါပြန်သွားတာ ပိုကောင်းမယ်လို့ ထင်တယ်။’
သို့သော်လည်း ကုရွှမ်းယန်မှာ ကုတင်ပေါ်သို့ရောက်နေလေပြီ။ သူက စောင်ကို ဆွဲလိုက်ပြီး လေသံလေးနှင့် “ ကောင်းသောညပါ ဆရာတူအကို။”
ကျုံးယန်မှာ ရွေးစရာမရှိဘဲ လှဲချလိုက်ရတော့သည်။ ခဏကြာပြီးနောက် ကုရွှမ်းယန်မှာ လုံးဝအိပ်ပျော်သွားပြီဟု ခံစားလိုက်ရသည်။ သူ့၏ အနားမရနိုင်သော နှလုံးသားလေးမှာလည်း တည်ငြိမ်သွားပြီး တဖြေးဖြေး ငိုက်မျဉ်းလာတော့သည်။
ကျုံးယန်၏အသက်ရှုသံများ တည်ငြိမ်သွားပြီးနောက် ကုရွှမ်းယန်မျက်လုံးများ ပွင့်လာပြီး သူ့ဘက်သို့ လှည့်လာလေသည်။
လရောင်မှာ ပြတင်းပေါက်ကို ဖြတ်ပြီး ဖြာကျနေလေသည်။ တောက်ပသော အလင်းရောင်အောက်တွင် ကျုံးယန်၏မျက်နှာမှာ အလွန်ဖြူဖျော့နေသယောင်ရှိသည်။ ကုရွှမ်းယန် သူ့ဘေးက အသံထွက်တဲ့အထိ အိပ်မောကျနေသော လူကို ငေးစိုက်ကြည့်နေရင်း သူ့လက်များကို ကျုံးယန်၏လည်ပင်းတစ်ဝိုက် ရစ်ပတ်လိုက်သည်။ နောက်ထပ်ဖိအားနည်းနည်းလောက်နှင့်ပင် ကုရွှမ်းယန်မှာ အိပ်ပျော်နေသော ကျုံးယန်ကို အသက်ရှုကြပ်ပြီး ချက်ချင်းသေသွားအောင် လုပ်နိုင်လောက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အဆုံးတွင်တော့ သူ့လက်ညှိုးလေးဖြင့် ကျုံးယန်၏ အစိမ်းရောင်သွေးကြောများပေါ် နှစ်ကြိမ်မျှသာ ဖိပွတ်လိုက်လေသည်။ အချိန်ခဏကြာပြီးနောက်တွင်တော့ သူ့လက်များကို ဖြေလျော့လိုက်လေတော့သည်။

TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။


My Junior Still Hasn't Killed MeOù les histoires vivent. Découvrez maintenant