'ဘယ်လိုတောင် တိုက်ဆိုင်မှုမျိုးလဲ။' ကျုံးယန် နှလုံးသားလေးမှာ ပူဆွေးသွားရပြီး ကုရွှမ်းယန် ချက်ချင်းပဲသူ့လက်စားချေသတ်ဖြတ်ခြင်းကို မထိန်းထားနိုင်မှာကို စိုးရွံ့စွာဖြင့် ကုရွှမ်းယန်အနား အလျင်အမြန် တိုးကပ်သွားလိုက်သည်။ ကျုံးယန်ကို တစ်ချက်ကြည့်ပြီးနောက် ကုရွှမ်းယန် သူ့အကြည့်ကို ချန်းချင်ဆီသို့ ရွှေ့လိုက်သည်။
" အကြီးအကဲချင်ကို နှုတ်ခွန်းဆက်သပါတယ်။ ဒီတပည့်က အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက ကုရွှမ်းယန်ပါ။"


ကျုံးယန် သူ့နောက်ကလိုက်ပြောလိုက်သည်။ ချန်းချင်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျုံးယန်ကို စတင်ဆူတော့သည်။
" oh , ချီဖွဲ့စည်းခြင်းနားက တပည့်တစ်ယောက်က ဂိုဏ်းအပြင်ကို ထွက်ဝံ့တယ်ပေါ့။ မင်းသာငါ့တပည့်ဆိုရင် မောင်းထုတ်လိုက်ပြီးပြီ။"


ကျုံးယန်မျက်နှာမှာ ဘာအမူအရာမှမပြဘဲ အဆူခံနေရသူမှာ သူမဟုတ်သလို ပြုမူနေလိုက်သည်။ ချန်းချင်အကြည့်တို့က ကုရွှမ်းယန်အပေါ်ရောက်သွားပြန်သည်။ သူချက်ချင်းမျက်မှောင်ကြုတ်လိုက်ပြီး မနာလိုမှုက မျက်လုံးထဲ ဖြတ်ပြေးသွားလေသည်။ နောက်ဆုံးတော့ သူပြောလာလေသည်။
" ကောင်းတယ်။ ကောင်းတယ်။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရွှေအမြုတေအဆင့်ကို ရောက်နေပြီ။ လူငယ်တွေက တကယ်လက်ခံနိုင်စွမ်းကောင်းတာပဲ။"


အဲ့ဒါက သင့်လျော်သောစကားများဖြစ်သော်လည်း သူပြောနေစဉ်တွင် အံ့ကြိတ်ထားကာ စကားလုံးတိုင်းတွင် အမုန်းတရားများ စိမ့်ဝင်နေလေသည်။ ကျုံးယန်၏ နှလုံးသားမှာ မကျေလည်မှုများပြည့်သွားလေသည်။ ဆန့်ကျင်ဘက်အနေနှင့် ကုရွှမ်းယန်မှာ လူအိုကြီး၏ လေသံကို သတိမထားမိသလိုဖြင့် မျက်နှာတွင် ယဉ်ကျေးရည်မွန်သော အပြုံးလေးနှင့် " ကျွန်တော်မှာ အကြီးအကဲချင်ဆီက သင်ယူစရာအများကြီးလိုပါသေးတယ်။"


အသက်ခြောက်ဆယ်ထဲ ရောက်နေပြီဖြစ်သော်လည်း ချန်းချင်မှာ ဗုဒ္ဓနယ်ပယ်သို့ မတက်နိုင်ဘဲ ရွှေအမြုတေ နောက်ဆုံးအဆင့်တွင်သာ ရပ်တန့်နေလေသည်။ သဘာဝအားဖြင့် ကုရွှမ်းယန်ကိုမြင်သောအခါ သူ့နှလုံးသားထဲတွင် မနာလိုမှုများ ပြည့်နှက်နေလေသည်။ ကံကောင်းစွာဖြင့် သူသည် ကုရွှမ်းယန်က မည်သည့် မျိုးနွယ်စုကမှန်းမသိသလို ဗုဒ္ဓခန်းမဆောင်တွင် ခိုက်ရန်မဖြစ်ချင်ပေ။ သူ့အခန်းသို့ မပြန်ခင်တွင် လှောင်ပြောင်သံဖြင့် ပြန်ဖြေလိုက်ပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။

My Junior Still Hasn't Killed MeWhere stories live. Discover now