သို့ပါသော်လည်း ကိုကိုဟာ သူ့လိုပင် ထပ်တူထပ်မျှ ခံစားနေရပြီ။

"ဘာလဲ ကလေး ဘာကိုဆိုလိုချင်တာလဲ ကိုကိုနားမလည်ဘူး.."

ယူဂျင်းခန္ဒာကိုယ်အား ကိုကိုနှင့်မျက်နှားချင်းဆိုင် တစ်ပတ်လှည့်၍ ကိုကို့ လက်ဖဝါးအားအုပ်ကိုင်လိုက်သည်။

"ကိုကိုသိလား အတိတ်မှာရော အခုအချိန်မှာပါ ကိုကို ဘယ်လိုပုံစံဘဲဖြစ်ဖြစ် ဘာတွေဘဲလုပ်ခဲ့လုပ်ခဲ့ ယူဂျင်းက ကိုကို့အပိုင် ဖြစ်နေအုံးမှာဘဲ ဒါက ဘယ်သူကမှ ဘယ်လိုအကြောင်းအရာကမှ ပြောင်းလဲမပစ်နိုင်တဲ့ အမှန်တရားဘဲ.."

သူ့စကားတွေကြောင့်  သိသိသာသာ စိတ်သက်သာရာ ရသွားပုံတူသည်။
သူ့အားရင်ခွင်ထဲဆွဲသွင်းကာ ယူဂျင်း ဆံပင်ပျော့ပျော့လေးတွေကြား ခေါင်းနှစ်နေခဲ့သည်။

"ယူဂျင်းတို့ ကစားသင့်တဲ့ကစားနည်း သိပြီထင်တယ်ကိုကို.."

ကင်ခ်ဂယူရင်ခွင်ထဲမှ ခေါင်းမော့ကာ ပြောလာပါသောကလေးငယ်..
ဂယူ မှာ အသဲယားသည်ကို မထိန်းချုပ်နိုင်ဖို့ ယူဂျင်း နဖူးပြင်လေးသို့ အနမ်းခြွေလိုက်သည်။

"ဘာများလဲကလေးငယ်.."

"ဖုံးကွယ်ထားတာတွေကို တစ်ခုမကျန်ပြန်ပြောတဲ့ ကစားနည်း!"

ယူဂျင်းဆီမှ ထွက်ပေါ်လာသော စကားကြောင့် ဂယူ ခဏတော့ တွေဝေသွားသည်။
ပြောပြသင့်လား မပြောပြသင့်လား ဦးနှောက်ထဲ ဝေခွဲမရစွာဖြစ်နေခြင်းကြောင့်ပင်။

"ယူဂျင်းတို့ မနက်ဖြန်ဆို လက်ထပ်ကြတော့မှာမလားကိုကို အဲဒါကြောင့် နှစ်ယောက် အတူ ဘဝတစ်ခု မတည်ဆောက်ခင် ဖုံးကွယ်ထားတွေမရှိကြရအောင် ပွင့်လင်းကြမယ်လေနော်.."

ယူဂျင်းမှာ အတည်ကြီး သူ့အား ကလေးချော့သလိုလာပြောနေခြင်း။
သို့ပေမယ့် သူ့ဘက်က အားလုံးပြောပြလိုက်ရင် ယူဂျင်းဘက်ကသူ့အပေါ်..

"ယူဂျင်းအဆုံးထိပြောပြီးပြီဘဲကိုကို ကိုကိုကဘယ်လိုလူမျိုးဖြစ်ဖြစ် ဘာတွေဘဲလုပ်ခဲ့လုပ်ခဲ့ ကိုကို့အပေါ်ထားတဲ့ခံစားချက်က ပြောင်းလဲမသွားဘူးလို့ .ဒါကြောင့် အမှန်အတိုင်းဘဲပြောပါ ဒီတိုင်း စိတ်ကိုလဲ ပေါ့ပေါ့ပါးပါးထားပြီးတော့ပေါ့..."

P O S S E S S I O N (Complete)Where stories live. Discover now