Part 4*

189 30 3
                                    

ချွေးတွေရွဲနစ်နေသူအား တစ်ရှူးဖြစ်သုတ်ပေးကာလက်လှမ်းမိတော့

" ကျွန်တော့်ကို မထိနဲ့၊ အစ်က်ို ညစ်ပတ်ကုန်မယ် "

" ညစ်ပတ်လည်းဘာဖြစ်လဲ မင်းတောင်ဒီထိရောက်လာသေးတာပဲ၊ အထဲဝင်ရအောင် "

" မလိုက်တော့ဘူး အရှေ့မှာပဲတစ်နေရာရာမှာစောင့်နေမယ်၊ အစ်ကို အေးဆေးနေလို့ရတယ် "

" လာပါဆိုနေ၊ ငါ စိတ်ဆိုးမိတော့မှာနော် "

အစ်ကိုသေးသေးလေးရဲ့စိတ်ဆိုးလိုက်တော့မှာနော်ဆိုတဲ့စကားကြောင့် ကောင်းဆက် ခပ်ယဲ့ယဲ့ပြုံးမ်ိပါ၏။ တကယ်စိတ်ဆိုးတော့မယ့်ပုံပါပင်။ စိတ်မချလို့လိုက်လာတာကိုပြောမိတော့ သူ့ကိုအပြစ်တင်လိုက်ပုံများ ခေါင်းတညိတ်ညိတ်ဖြင့်သာနားထောင်နေခဲ့ရသည်။

" ဟုတ်ပြီ၊ အိမ်ထဲမှာပဲထိုင်စောင့်နေမယ်ဆိုရတယ်မလား "

" အင်း "

ထိုအခါမှ ​ကျေနပ်သွားဟန်ဖြင့် သူ့လက်ကိုလာဆွဲပါသော အစ်ကို။ မငြင်းသာတော့တာမို့ လေ့ကျင့်ရေးမှာဝတ်ထားတဲ့ဘောလုံးဝတ်စုံဖြင့်သာ ဖရိုဖရဲအနေအထားဖြင့် ခြံဝန်းထဲက မွေးနေ့ပွဲကိုကျော်ပြီး အစ်ကို့သူငယ်ချင်းအာကာရဲ့အိမ်ထဲသို့ရောက်သွားရသည်။

" ရေသောက်ဉီးမလား "

" ကျွန်တော်သောက်ထားတယ် "

" ဆံပင်မှာလည်းချွေးတွေချည်းပဲ၊ ဒီနေ့တစ်ရက်ပျက်သွားလည်း နည်းပြကဘာမှမပြောလောက်ဘူးမလား "

" အင်း ကျွန်တော်သေချာပြောထားခဲ့ပါတယ် "

" အင်း "

" သွားတော့လေ သူငယ်ချင်းတွေနဲ့စကားအေးဆေးပြောပြီးပြန်တော့မယ်ဆိုမှ ကျွန်တော့်စီလာခဲ့ "

" မင်းပျင်းနေမှာပေါ့ "

" ရတယ် "

" အဲ့တာဆို ကိုယ်ခဏပဲသွားပြီး ပြန်လာခဲ့မယ် "

" အစ်ကို့သဘော " ဆိုတော့ နှစ်လိုဖွယ်ရာအပြုံးတွေပြုံးပြခဲ့ပြီး အနားကထွက်သွားခဲ့၏။

* ကျစ်! တခြားသူတွေမြင်ရင် သဘောကျကုန်တော့မှာပဲ *

.......................

ENDLESSWhere stories live. Discover now