Part 2*

272 38 2
                                    

ထင်ထားသည့်အတိုင်း အစ်ကို့ရဲ့အိမ်ရှေ့ကိုရောက်တော့ နှုတ်တောင်မဆက်ပဲ အိမ်ထဲဝင်သွားသည်။ ကောင်းဆက်လည်း အနည်းငယ်ပြုံးလိုက်ကာ အိမ်ရောက်မှာ စာပို့ရင်းစကားပြောတော့မည်ဟု တွေးထားလိုက်သည်။

ကောင်းဆက်အိမ်ကိုရောက်တော့

" ကျောင်းမှာအဆင်ပြေခဲ့လား သား "

" ပြေပါတယ် "

" အဲ့တာဆို သွားနားတော့လေနော်။ ညစာစားတဲ့အချိန်တော့ဆင်းခဲ့နော် "

ခေါင်းသာညိတ်ပြသွားတဲ့ သားဖြစ်သူကို ကြည့်ရင်းမိခင်ဖြစ်သူမှာ သက်ပြင်းချရသည်။ သားဖြစ်သူရဲ့အကျင့်တွေဟာ ဖခင်ဖြစ်သူနှင့်တပုံစံတည်းပင်။ လိုအပ်ရင်ပြောပြီး မလိုအပ်ရင်တိတ်ဆိတ်နေတတ်သည်။ စကားပြောလျှင်လည်း ခပ်ပြတ်ပြတ်ပြောတတ်ကြသည်မို့ ရင်းနှီးသူတွေကတော့နားလည်ပေးကြသည်။ သူစိမ်းတွေနဲ့သာဆိုမလွယ်ကူလှ။

ကောင်းဆက်ရှိန်တို့မိသားစုဟာ အေးအေးဆေးဆေးနေတတ်ကြသည့်အပြင် ပတ်ဝန်းကျင်နဲ့လည်းလိုက်လျောစွာနေထိုင်ကြတဲ့မိသားစုပင်ဖြစ်သည်။ ဖခင်ဖြစ်သူက ခရီးသွားလုပ်ငန်း Company တစ်ခုကို ဉီးစီးနေသူလည်းဖြစ်သည်။

..................

ရေချိုးပြီး အနားယူဖို့လုပ်လိုက်ချိန် ပထမဆုံးလုပ်ရမယ့်အလုပ်ကိုတွေးမိပြီး ကောင်းဆက်ပြုံးမိပြန်သည်။ အစ်ကိုသေးသေးလေးကို ချော့ရဉီးမည်လေ။ အစ်ကိုသေးသေးလေးဆိုတာက အစ်ကိုက ခန္ဓာကိုယ်သေးနေတာမျိုးတော့မဟုတ်။ သို့သော် ကောင်းဆက်နဲ့ယှဉ်ရင်တော့ အနည်းငယ်သေးနေတာပင်။

စာပို့ဖို့ရာ အစ််ကို့ရဲ့ Acc ထဲဝင်လိုက်ပြီး

* အစ်ကို စားပြီးပြီလား *

စာတစ်ကြောင်းသာပို့ပြီး ထိုင်စောင့်နေမိသည်။ Seen သာ ပြသွားပြီး စာမပြန်လာခဲ့။

* စိတ်ဆိုးနေတုန်းလား *

* အင်း *

' အင်း ' လို့ပြန်ဖြေခြင်းက အခြေအနေမကောင်းကြောင်း ညွှန်ပြနေခဲ့လေပြီ။

* ကျွန်တော်က ကျွန်တော့်စိတ်ထဲရှိတာကို မထိန်းပဲပြောလိုက်တာမို့ ကျွန်တော်မှားသွားပါတယ် *

ENDLESSWhere stories live. Discover now