Part 3*

197 30 2
                                    

တကယ်တော့ ကောင်းဆက်နဲ့ဟိန်းသော်ရဲ့ နောက်ကွယ်ကအကြောင်းအရင်းတစ်ချို့ရှိနေ၏။ ဒါကို တော်တော်များများလက်မခံနိုင်ကြမှန်းသိသော်လည်း ကာယံကံရှင်နှစ်ယောက်ကိုယ်တိုင်ကလည်း အစပိုင်းမှာလက်မခံခဲ့။

ဤမျှလောက်ထိ ဘာကြောင့်ရင်းနှီးလာခဲ့သလဲ။ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်နေရသလဲဆိုတဲ့အကြောင်းအရင်းတွေမှာ အကြောင်းပြချက်များစွာကလည်းရှိနေ၏။

တကယ်တော့ နှစ်ယောက်လုံးဟာ နှစ်ဖက်အသိုင်းအဝိုင်းက စေ့စပ်ပေးထားတဲ့ သူတွေသာဖြစ်သည်။ ယောက်ျားလေးနှစ်ယောက်ကို စေ့စပ်ပေးခြင်းက ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတစ်ခုမဟုတ်ပေဘူးလား။ သို့သော်လည်းလူကြီးတွေအချင်းချင်း စီစဉ်ထားခဲ့သည်မှာ သူတိူ့ငယ်စဉ်ကတည်းကဖြစ်၏။

ဒီအကြောင်းကို နှစ်ယောက်လုံးသိသွားချိန်ကတော့ ဘယ်လိုမှလက်မခံနိုင်ခဲ့သလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့စေ့စပ်ခြင်းဆိုတဲ့အရာထဲမှာချုပ်နှောင်ခံလိုက်ရသည်ဟုခံစားခဲ့ရသည်။ ဒါကြောင့်လည်း ညှိနှိုင်းတာတွေလုပ်ခဲ့ပြီးမှ နောက်ဆုံးအဖြေတစ်ခုက အသက်ကြီးလာလို့ နှစ်ဉီးသားအဆင်မပြေကြတဲ့အခါ ဒါမှမဟုတ် ချစ်ရသူတစ်ဉီးတစ်ယောက်ကိုတွေ့လာရတဲ့အခါ ဒီကိစ္စကိုဖျတ်သိမ်းပေးမည်ဆိုတဲ့အဖြေဖြစ်သည်။

ဒါကိုလည်း လူကြီးမိဘတွေရော၊ သူတို့နှစ်ယောက်လုံးကပါ သေချာစဉ်းစားပြီးမှဆုံးဖြတ်ခဲ့ကြတာဖြစ်သည်။ ဒီကိစ္စတွေနဲ့ပတ်သတိပြီး အနီးနားက သူငယ်ချင်းအချို့နဲ့မိသားစုအသိုင်းအဝိုင်းကသာ သိကြသည်။

......................

" အန်တီ ငကောင်းရှိလား "

" ရှိတယ် သားတို့၊ လာကြလေ၊ "

" အိမ်ထိရောက်လာရတာ Sorry ပါ အန်တီရယ်၊ ကျွန်တော်တို့ ဖုန်းဆက်တာ ငကောင်းက မကိုင်တာနဲ့ရောက်လာရတာ "

" ရပါတယ် သားတို့ရယ်၊ အေးအေးဆေးဆေးနေကြ၊ အန်တီခေါ်ပြီး လွှတ်လိုက်မယ်နော်၊ အိမ်မှာမုန့်တွေလည်းရှိတယ် စားကြ၊ အန်တီကတော့အပြင်ခဏသွားမလို့ "

" ဟုတ်ကဲ့ အန်တီ "

သားသူငယ်ချင်း ကျော်မျိုးနဲ့ရဲဘုန်းတို့နှစ်ယောက်က ရောက်လာတော့ သူမကိုယ်တိုင်ပင် သားဖြစ်သူကိုသွားခေါ်ပေးရသည်။ ဘယ်လောက်ပဲရင်းနှီးရင်းနှီး သူ့အခန်းကိုဝင်တာမကြိုက်တဲ့သားဖြစ်သူက သူချစ်ရတဲ့သူနဲ့သာ အတူတူနေရရင် ဘယ်လိုလုပ်မလဲဆိုတာ သူမတော့မတွေးတတ်တော့။

ENDLESSWhere stories live. Discover now