"သူ့ကို ငါထိ​တောင်မထိရ​သေးဘူးမင်းတို့ထင်သလိုမဟုတ်ဘူး"

ထွန်းမြတ်က ဗျူဟာကို ကြောက်လန့်နေသည်ကို ထိန်းပြီး မျက်နှာပျက်ယွင်း
စွာနဲ့​ကြမ်းပြင်​ပေါ်က ကုန်းထမလို့လုပ်ပြီးဘေးက သူ့ဖုန်းကို​ကောက်​​နေချိန် ။

"အားး"

ထွန်းမြတ်ရဲ့ နာကျင်စွာအော်
ဟစ်လိုက်တဲ့အသံ။ ထွန်းမြတ်ရဲ့ လက်ကောက်ဝတ်ကို ဗျူဟာ သူ့ခြေ
ထောက်တစ်ဖက်နဲ့ တက်နင်းထားခြင်းပင်။

"မင်းဘာလုပ်ထားလဲ ​အမှန်အတိုင်းပြော"

" ငါဘာမှ မလုပ်ဘူး...အားး ငါ့လက်"

" ဗျူဟာ "

ကုတင်ပေါ်က ဘုန်းပြည့်က သူ့ကိုလှမ်းခေါ်သည်။

" ဘာမှတော့မဖြစ်ထားဘူးထင်တယ်
ဒါပေမယ့် လုံးဝခေါ်လို့မရဘူး
​နေစင်ဟန် သတိလစ်​နေတယ်"

ကုတင်​ပေါ်က  ​နေစင်ဟန်ကို သူပြန်
ကြည့်မိချိန် ထွန်းမြတ်က ကြမ်းပြင်
ပေါ်ကနေကုန်းရုန်းထပြီး ထွက်ပြေးမ
လို့လုပ်ပေမယ့် ဗျူဟာက လွယ်ကူစွာပင်
ထွန်းမြတ်ရဲ့လည်ပင်းကိုညစ်ကာ
နံရံမှာကပ်ပြီး ပိတ်ရပ်ထားလိုက်သည်။

"  ​နေစင်ဟန်ကို အပြင်ခေါ်ထုတ်သွား"

သူပြောလိုက်တာနဲ့ ဘုန်းပြည့်က
နေစင်ဟန်ကိုကုတင်​ပေါ်က​နေထူမပြီး
သူ့ကျောပေါ် အချိန်ယူတင်ကာ ကုန်းပိုးလိုက်သည်။

​နေစင်ဟန်ကိုကုန်းပိုးထားတဲ့ ဘုန်းပြည့်က ဗျူဟာအနားရောက်လာချိန်။

"အလွန်အကျွံ မဖြစ်စေနဲ့ ​ဟေ့​ရောင်"

မျက်နှာပျက်ယွင်းထိတ်လန့်နေတဲ့
ထွန်းမြတ်ကိုကြည့်ပြီး ပြောကာ ဘုန်းပြည့်က​နေစင်ဟန်ကို ကုန်းပိုးလျက် အခန်း
ထဲကနေ ထွက်သွားသည်။

ဘုန်းပြည့် ပုခုံးပေါ်မှာ​ခေါင်းငိုက်ကျပြီးပါသွားတဲ့ ကောင်​လေးရဲ့မျက်နှာကို သူအနီးကပ်တစ်ချက်မြင်လိုက်ရချိန်...။

ထွန်းမြတ် လည်ပင်းကိုညှစ်ထားတဲ့
သူ့လက်တွေ ပို၍တင်းကြပ်သွားရသည်။

ဘုန်းပြည့် ဗျူဟာကို မလွန်​စေနဲ့လို့မှာ
သွားရတာကတော့ အလယ်တန်း​လောက်
ထဲက သင်တန်း​တက်​ထားတဲ့ဗျူဟာရဲ့ ကိုယ်ခံပညာ၊ဝါရင့်​နေတဲ့ တိုက်ခိုက်
စွမ်းရည်ကိုသိ​​နေလို့ဖြစ်သည်။ ထွန်းမြတ်
က ဗျူဟာနဲ့ယှဉ်ရင် လူ​ကောင် သိပ်
မကွာ ဒါပေမယ့် ဗျူဟာလက်ထဲမှာ
ထွန်းမြတ်နံရံမှာကပ်ကာလည်ပင်းညစ်ခံထားရပြီးအသက်ရှုကြပ်ကာဘယ်လို
မှ မရုန်းနိုင်။ အင်အားသုံးစရာ​တောင်
မလိုပဲ လူ့ခန္ဓာကိုယ်မှာဘယ်လိုနေရာကိုထိရင် ဘယ်လိုအထိနာမလဲ ဆိုတာဗျူဟာက ကောင်းကောင်းသိ​နေသည်။

The First He GlaredМесто, где живут истории. Откройте их для себя