ထိုမှတစ်ဆင့်မြွေဖြူကြီးဟာ ပြစ်ချက်မရှိ ပြီးပြည့်စုံသော
ယောက်ျားပျိုတစ်ဦးအသွင်ပြောင်းလဲသွားတော့သည်

"အရှင့်ကိုပြန်လည်ကြိုဆိုပါတယ်"

"သိင်္ခ နဲ့လင်္ကာ"

"မှန်ပါ့အရှင်...."

"ကိုယ်တော်မရှိတဲ့အချိန်အတွင်း ရှေးဟောင်ဘုရားကြီးနဲ့သသနာပိုင်ရတနာတွေနှောက်ယှက်ဝံ့သူရှိသလား"

"လူတွေဟာလောဘသားတွေပါအရှင် များစွာသောလူတွေကရတနာအတွက်ဤမြေကိုကျူးကျော်ခဲ့ကြပါတယ်
ဒါပေမဲ့ဒီလူတွေလက်ကနေရှေးဟောင်းဘုရားကြီးနဲ့ရတနာတွေကိုကျွန်ုပ်တို့အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်"

"မင်းတို့အားလုံးကိုကိုယ်တော်ကျေးဇူးတင်ပါတယ်"
အသင်္ခရာများစွာသော မြွေအုပ်ကြီးကိုကြည့်ပြီးပြုံးလိုက်သည်
ဒီထဲမှာသိင်္ခနဲ့လင်္ကာကလွဲလို့ကျန်သည့်မြွေများမှာ
သာမာန်မြွေများသာဖြစ်ကြသော်လည်း သူ့အတွက်တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ပေးခဲ့ကြတယ်

" အောင်ကျော် ..."

"ဟေ..."

"တဘက်ခါနေ့ကျရင်ရွာသားတွေရဲ့ဗုဒ္ဓပူဇော်ပွဲရှိတယ် ငါတို့သာရတနာတွေခိုးသွားရင်သူတို့ရိပ်မိသွားမှာပေါ့"

"ဒီဂူမှာရတနာတွေဒီလောက်များတာနည်းနည်းလေးလျော့သွားတာနဲ့ဘယ်သူမှမသိပါဘူး"

သိင်္ခနဲ့လင်္ကာရဲ့မျက်လုံးတို့မှာစူးရဲသွားပြီး
အိတ်ကြိတ်သံဖြင့် " လောဘသားတွေထပ်ပြီးကျူးကျော်လာကြပြန်ပြီ" ဟုရေရွတ်လိုက်ကြသည်

အောင်ကျော်တို့ဂူထဲရောက်တာနဲ့
ရွှေ ငွေ ကျောက်စိမ်း နီလာ ပတ္တမြား သလင်းကျောက် စကျင်ကျောက်တို့ဖြင့်ထုဆစ်ထားသည့်ဘုရားဆင်းတုတော်ခုနှစ်ဆူအားရှေးဦးစွာတွေ့ရသည်

သူတို့နှစ်ဦးမြတ်စွာဘုရားရှင်အားဦးတိုက်ကန်တော့ပြီးနောက်
ဂူရဲ့လမ်းချိုးအကွေ့တစ်ကွေ့ထဲပတ်ဝင်လိုက်သည်
နည်းနည်းဆက်သွားတာနဲ့သူတို့ရတနာတွေကိုရတော့မှာ

ထိုစဥ် တရွှီးရွှီးနှင့် မြွေတွန်သံများအားကြားလိုက်ရတော့သည်
တရွှီးရွှီးအသံမှာကျယ်လွန်းတာမို့ အခုရောက်ရှိလာမည့်မြွေတွေမှာ
အကောင်ရေအတော်များမှန်းခန့်မှန်းလို့တယ်

မြွေဖြူအရှင်《Complete 》Where stories live. Discover now