ငါကလူသားတစ်ယောက်မဟုတ်ဘူး

Start from the beginning
                                    

ကုဟွိုက်အိပ်ပျော်နေစဉ်အချိန်တွင် ဇက်တို့ ကသောင်းကနင်းပြုလုပ်သည့်အကြောင်းများကို ပြောရမည်ဆိုပါက ဤကိစ္စမှာ လွန်ခဲ့သောနာရီပိုင်းက စတင်ခဲ့ဖြစ်သည်။

ဝိညာဉ်ချိတ်ဆက်မှုက ဇက်ဘုရင်ဖြစ်သော ကုဟွိုက်၏ မွေးရာပါစွမ်းရည်ဖြစ်သည်။ ဤစွမ်းရည်က ဝိညာဉ်ချိတ်ဆက်မှုများကို တည်ဆောက်နိုင်ပြီး ကုဟွိုက်၏ သူ့စိတ်ဖြင့် မည်သည့်ဇက်ကိုမဆို စကားသံပို့လွှတ်နိုင်သည်။

၎င်းက တစ်ဦးတစ်ယောက်တည်း၊ အုပ်စုတစ်စု သို့မဟုတ် မျိုးနွယ်စုအားလုံးကိုအထိ ဖြန့်ကျက်ရောက်နိုင်ရှိနိုင်ပြီး နေရာအကန့်အသတ်လည်း မရှိပေ။

ကုဟွိုက်အလိုရှိနေသရွေ့ မည်မျှဝေးကွာနေသည်ဖြစ်စေ ဇက်များက သူ၏ဝိညာဉ်ချိတ်ဆက်မှုကို ရရှိနိုင်ပေသည်။

ကုဟွိုက်၏ဂြိုလ်က အလွန်ဝေးလံခေါင်ဖျားပြီး စွန့်ပစ်ခံထားရသည့် ဂြိုလ်တစ်လုံးဖြစ်သည်။ သူနှင့် လှိုဏ်ဂူထဲရှိဇက်များမှလွဲ၍ အသိဉာဏ်ရှိသောသတ္တဝါများ မရှိပေ။ ထိုတက်ခ်ဇက်များကသာ သူ‌မွေးဖွားပြီးဥခွံထဲမှထွက်လာသည်ကို သိရှိကြသူများဖြစ်သည်။

လွန်ခဲ့သည့် နေ့တစ်ဝက်ခန့်က ကုဟွိုက်ချော်လဲသွားချိန်တွင် သူက နာကျင်မှု၏လှုံ့ဆော်ခြင်းကြောင့် ဝိညာဉ်ချိတ်ဆက်မှုကို အလိုလိုတည်ဆောက်လိုက်မိသည်။

ထိုဝိညာဉ်ချိတ်ဆက်မှုက အုပ်စုအပေါ် သက်ရောက်သည့် အမျိုးအစားဖြစ်သည်။

အကယ်၍ group chatတစ်ခုနှင့် နှိုင်းစာ၍ပြောရမည်ဆိုပါက ကုဟွိုက်၏ ဝိညာဉ်ချိတ်ဆက်မှုက @everyone ဟူ၍ gpထဲမှ အဖွဲ့ဝင်အားလုံးကို mentionလိုက်သည်နှင့် တူပေသည်။

အကျိုးဆက်များကို ကြိုတင်မှန်းဆထားပြီးဖြစ်သည်။

စကြဝဠာတစ်ခုလုံးတွင် ဇက်အင်အားစုများနှင့် တိုက်ပွဲဖြစ်နေကြသော မျိုးနွယ်များကလည်း တူညီသောခံစားချက်တစ်မျိုးတည်းကိုသာ ခံစားနေရသည်။

" ဖာ့ခ်... ဇက်တွေက သူတို့ကို ပေါက်ကွဲထွက်မတတ်ဖြစ်စေတဲ့ဆေးတွေ စားထားလို့များလား..."

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now