🍁//Chapter-7//🍁

Start from the beginning
                                    

အသေးကောင်လေး ဆွဲနေတဲ့ ပန်းချီကားဟာ ပြီးလုနီးနီးဖြစ်နေပြီမလို့ မြို့အုပ်မင်း က အသေးကောင်လေး နောက်ကနေကြည့်ရင်း ပြောလို့လာသည်။

"သစ်ပင်အိုကြီးကို ဒီတိုင်း သစ်ပင်အိုကြီးလို့ မြင်လိုက်ကတည်းက ခင်ဗျားမှာ အနုပညာ မျက်စိမရှိတာ...သိသာစေတယ် မြို့အုပ်မင်း... ကဲ...ပန်းချီလဲ ဆွဲလို့ပြီးပြီ..မိုးလဲချုပ်ခါနီးပြီဆိုတော့...ကျွန်တော် ပြန်လိုက်ပါဦးမယ်..."

ဝတ်ကျေ တမ်းကျေ နှုတ်ဆက်တဲ့ အသေးကောင်လေးဟာ မြို့အုပ်မင်းကို လှည့်တောင်ကြည့်ခဲ့တာ မဟုတ်...
အသေးကောင်လေးနဲ့ တွေ့ကာမှ ​မြို့အုပ်မင်လဲ အပယ်ခံကြီးကို ဖြစ်လို့

"ကျုပ်..ကျုပ်လဲ လိုက်မယ်လေ..ကျုပ်ရဲ့အသေးကောင်လေးရယ်...ဒီမှာ အသေးကောင်လေး ကျုပ်ပြောမယ်...ညနေခင်းတွေ အပြင်ထွက်မယ်ဆို အစ်မ ဖြစ်သူကို ခေါ်ပြီးမှသွားပါ...မတော်လို့ မတော်သရော် မကောင်းတဲ့လူတွေနဲ့ တွေ့ခဲ့ရင်
အသေးကောင်လေး အတွက် ခက်လိမ့်မယ်...သိရဲ့လား
လူဆိုး လူမိုက်ဆိုတာ ဂျိုမပါဘူး အသေးကောင်လေး ရဲ့..."

မြို့အုပ်မင်းစကားကို အသေးကောင်လေးဟာ အားရစွာ ရယ်မောလိုက်ရင်း....

"ကျွန်တော်က ယောက်ျားလေးတစ်ယောက်လေ မြို့အုပ်မင်း ရဲ့....ပြီးတော့
လူဆိုး လူမိုက်တွေက ဂျိုမပါမှန်း မြို့အုပ်မင်း ကို မြင်ကတည်းက ကျွန်တော်သိတယ်"

"အော်...ဖြစ်ရမယ်...ကျုပ်ရဲ့ အသေးကောင်လေးကတော့.....ဒါနဲ့..တလက်စထဲ..ကျုပ်ကို အဖြေပေးလိုက်ပါလား အသေးကောင်လေး"

"ခင်ဗျားဟာလေ...အတော့်ကို မျက်နှာပြောင်တိုက်တဲ့လူ...အဲ့တာကြောင့် ကျွန်တော် ခင်ဗျားကိုကြည့်မရတာ..ဒီမှာ
ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ပြန်မချစ်ဘူး"

အသေးကောင်လေး ဘယ်လိုပဲ စိတ်ဆိုး စိတ်ကောက်ပါစေ..အသေးကောင်လေး ဘယ်လိုပဲ အဖတ်ဆယ်မရအောင် ပြောပါစေ...မြို့အုပ်မင်းတို့ကတော့ ခပ်ပြုံးပြုံးပင် တုန့်ပြန်စမြဲ...ဒါကြောင့်လဲ ​အသေးကောင်လေးဟာ မြို့အုပ်မင်းကို အကြိမ်ကြိမ် အနိုင်ယူနေတယ်ထင်ပါရဲ့...။

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now