မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

" ဖူလေး မင်းတကယ်ကို အလုပ်ကြိုးစားတာပဲ..."

ဝမ်စွေ့ဟွားက ဖူလီ၏လက်မောင်းကို အကြိမ်အနည်းငယ် ဆက်တိုက်ပုတ်လိုက်သည်။

" ငါ အစောတည်းက မင်းမှာ အလားအလာရှိတယ်ဆိုတာကို မြင်တယ်... ကြည့်ပါဦး အချိန်ဘယ်လောက်မှ မကြာသေးဘူး စီမံခန့်ခွဲရေး‌‌ဗျူရိုကိုတောင် ရောက်သွားပြီ... ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်..."

သူမက စကားပြောနေစဉ်တွင် ရှင်းပြချက်တစ်ခုမှ မပေးပဲ ဖူလီ၏လက်ထဲကို အနီရောင်စာအိတ်ကြီးတစ်အိတ် ထိုးထည့်ပေးလိုက်သည်။

အခြားသော လူကြီးများက မြင်သည့်အခါ သူတို့ကလည်း စာအိတ်နီများ ထုတ်ပေးကြလေသည်။

" ဝမ်စွေ့ဟွားရဲ့မိတ်ဆွေက ငါတို့ ဝမ်ယွဲ့ဂိုဏ်းရဲ့မိတ်ဆွေပဲပေါ့... စာအိတ်နီကို ယူလိုက်ပါ..."

ဖူလီ  :  အခုခေတ်လူသားကျင့်ကြံသူတွေက တော်တော်လေး ရက်ရောကြတာပဲ...

" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ဒါက ကံကြမ္မာပဲ ဒီလိုမဟုတ်ရင် မင်းက ငါတို့ဂိုဏ်းရဲ့ဟိုတယ်မှာ ဘာလို့ အလုပ်လာလုပ်မှာလဲ..."

ဖူလီ  : ဝမ်စွေ့ဟွားက သူ့ကိုအနောက်တံခါးကနေ ဝင်ခွင့်ရအောင် လုပ်ပေးခဲ့လို့ မဟုတ်ဘူးလား...

" အနာဂတ်မှာ မင်း ငါတို့ဟိုတယ်မှာ မလုပ်တော့ဘူးဆိုပေမယ့် မင်းက ငါတို့နဲ့ သက်ဆိုင်သေးတယ်နော်... တကယ်လို့ တစ်ခုခုလိုတယ်ဆိုရင် ငါတို့ဆီလာလို့ရတယ်..."

ဝမ်ဟန်က အားပါးတရပြုံးလိုက်ပြီး ဖူလီ့ထံသို့ စာအိတ်နီကြီးတစ်အိတ် ထိုးပေးလိုက်သည်။

ဖူလီက စာအိတ်အနီတစ်အိတ်ပြီးတစ်အိတ်ကို ကိုင်ထားရသည်။

" ဒါပေမဲ့ ကျွန်တော်က စီမံခန့်ခွဲရေးဗျူရိုကိုသွားဖို့စိတ်ကူးမှ မရှိတာ..."

" ဘယ်လို..."

ဝမ်ယွဲ့ဂိုဏ်းမှ လူအားလုံးမှာ သူတို့နားများ တစ်ခုခုဖြစ်နေသည်ဟုပင် ထင်သွားကြသည်။

စာမေးပွဲအောင်ပြီးတာတောင်မှ စီမံခန့်ခွဲရေးဗျူရိုကို မသွားချင်တဲ့သူ ရှိသေးတာလား...

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now