"အန်တီ မင်္ဂလာပါဗျ" လော့ရှန်ဟွာက အိမ်ရှေ့ထွက်လာတဲ့လော့ချင်းမုကို မြင်တော့ နူတ်ဆက်လိုက်ပေမယ့် လော့ချင်းမုဟာ နှာရှုံ့ပြီးတော့ စတင်ရန်စကားပြောတော့သည်၊

"နင်က ဒီမှာရှိသေးတယ်ပေါ့...ဘာလဲ ဝမ်းကွဲအစ်ကိုရဲ့အမွေကို နင်ရမယ်ထင်နေသေးတာလား"

လော့ရှန်ဟွာက ရန်ဖြစ်ဖို့စိတ်မပါတာကြောင့် ပြုံးရုံသာပြုံးပြီး အိမ်တော်ထိန်းဘက်ကို လှည့်ကာပြောလိုက်သည်၊

"ဒီနေ့ ကျွန်တော် နည်းနည်းပင်ပန်းနေလို့ နားနှင့်တော့မယ်...ဒယ်ဒီလာရင် ပြောပေးအုံးနော်"

"ပြီးတော့ ဧည့်သည်တွေကိုလည်း သေချာဧည့်ခံလိုက်အုံးဗျ"

လော့ရှန်ဟွာထွက်သွားချိန်မှာ လော့ချင်းမုဟာ လွယ်လွယ်နဲ့မပြီးဆုံးချင်တာကြောင့် လော့ရှန်ဟွာရှေ့မှာ ပိတ်ရပ်လိုက်ပြီး လော့ရှန်ဟွာကို စိုက်ကြည့်ကာပြောတော့သည်၊

"နင် အခုချက်ချင်း ဒီအိမ်တော်က ထွက်သွား"

'ဟ' လော့ရှန်ဟွာ အေးဆေးနေချင်သော်လည်း ပြဿနာတွေက သူ့ကိုတကယ်အေးဆေးမနေခွင့်ပေးပါလား၊

"ခင်ဗျားက ဒယ်ဒီရဲ့ဝမ်းကွဲညီမဆိုပြီး ကျွန်တော့်ကို အာဏာပြနိုင်မယ်ထင်နေလား...မမေ့နဲ့ ကျွန်တော့်နာမည်ကလည်း လော့ဖြစ်ပြီး ကျွန်တော့်ဖခင်နေရာမှာလည်း လော့ကျန်းပေ့ဆိုတာကိုပေါ့"

"ငါ့အစ်ကိုက အဲ့မိန်းမကို သနားလို့ နင့်ကို သားအဖြစ်နာမည်သွင်းခဲ့တာ... နင်က သန္ဓယေုတ်အဆင့်ထက်မပိုဘူး"

"ခင်ဗျားဘာပြောလိုက်လဲ" လော့ရှန်ဟွာရဲ့စိမ်းနုရောင်မျက်ဝန်းများဟာ ဒေါသကြောင့်လောင်ကျွမ်းနေသယောင်ပင်၊လီရှမ်းဟွာဟာ မည်သည့်ကိစ္စမဆို သည်းခံနိုင်ပေမယ့် သူ့ဘဝမှာ အမုန်းဆုံးဟာ ထိုစကားပင်၊သူဟာ မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် အမြဲတစေထိုစကားနဲ့သာ အနှိမ်ခံရတတ်သည်၊အဘိုးသာ သူ့အနားမှာမရှိခဲ့ရင် သူဟာ လမ်းဘေးမှာသေဆုံးနေမဲ့ကြွက်စုတ်တစ်ကောင်ထက်မပိုပေ၊ဒါကြောင့် အခြားသူတစ်ယောက်က သူ့ကို သန္ဓယေုတ်လို့ပြောဆိုတိုင်း သူနာကျင်ရသည်၊သူရင်ထဲကနေ အဆပေါင်းများစွာ အက်ဆစ်နဲ့တိုက်စားသလို နာကျင်ရသည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now