လော့ရှန်ဟွာဟာ လီကုန်းရွှေနားကို အရမ်းကပ်လွန်းတဲ့မုချင်းရုံကို စိုက်ကြည့်လိုက်သည်၊တကယ်လို့ ငါတို့ထဲက တစ်ယောက်ကသာ သူနဲ့ရည်းစားဖြစ်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ၊ မဟုတ်ဘူး ဒါက ဘယ်သူ့ကိုမှ အကျိုးအမြတ်ရစေမှာမဟုတ်ဘူး၊

တကယ်လို့ သွေးကွဲအောင် ခွဲရင်ကော...၊ငါတို့်အချင်းချင်းစိတ်ဝမ်းကွဲသွားချိန်မှာ နောက်တစ်ယောက်က ဝင်ရောက်ဖြေရှင်းပေးမယ်ဆိုရင် ငါတို့က အဲ့တစ်ယောက်ကိုကျေးဇူးတင်မိလိမ့်မယ်၊ဒီကိစ္စက ဘယ်သူမှတွေးမိမှာမဟုတ်ဘူးပဲ မုချင်းရုံနောက်ကွယ်က လူက အတော်အကြံကြီးမဲ့ပုံပဲ၊

ဒါပေမယ့် သူ့ရဲ့ဦးတည်ချက်က ဘယ်သူလဲ၊ငါတို့ဆီကို ချဉ်းကပ်ပြီး ငါတို့ယုံကြည်ချက်ကို ယူပြီးရင် ဘာထူးမှာမို့လို့လဲ

လော့ရှန်ဟွာဟာ မျက်မှောင်ကြုတ်လိုက်ပြီး သူဟာနားထင်ကိုနှိပ်လိုက်သည်၊ဒီလိုကိစ္စလေးတွေကို သူသတိထားနေစရာလိုလို့လား၊

"ရှန်ဟွာ စားမကောင်းလို့လား" အစားကို သိပ်မထိတဲ့လော့ရှန်ဟွာကြောင့် ကုဖုန်းမော့ကလည်းမေးလိုက်သည်၊လော့ရှန်ဟွာက ခေါင်းခါလိုက်ပြီး သူဟာ ဆင်ခြင်တစ်ခုသာပေးလိုက်သည်၊

"မဟုတ်ပါဘူး စာမေးပွဲလာတော့မှာလေ အဲ့တာကြောင့်ပါ"

"အိုး...ဘယ်နေ့လဲ"

"နောက်တစ်ပတ်ထဲ" လော့ရှန်ဟွာစကားကြောင့် ကုဖုန်းမော့ဟာ လီကုန်းရွှေဘက်ကိုလှမ်းကြည့်ရင်းမေးလိုက်သည်၊

"ကုန်းရွှေ ငါတိုလည်း ရှေ့တစ်ပတ်ထဲ စာမေးပွဲရှိတယ်မလား... မင်းရဲ့စံအိမ်မှာ ငါတို့အဖွဲ့စာတူတူလုပ်ကြမယ်လေ ဘယ်လိုလဲ" ကုဖုန်းမော့စကားကြောင့် လီကုန်းရွှေဟာခေါင်းညိတ်လိုက်သည်၊သူလည်း လော့ရှန်ဟွာနဲ့အချိန်ဖြုန်းချင်သည်ကိုး၊

"ရတယ်"

"စိတ်မပူနဲ့ ကိုယ်တို့သင်ပေးမယ်... "

"ကျေးဇူးပါ ဖုန်းမော့" လော့ရှန်ဟွာက ပြုံးရင်းပြောလိုက်သည်၊သူ့ဒယ်ဒီဆီကနေ ခွင့်ပြုချက်တောင်းပြီးမှ သူလာမလာကိုပြောပေးတော့မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now