Chapter 14

218 36 18
                                    

Unicode

အတိတ်ကဆို့နင့်ဖွယ်ရာမီးတောက်များ

"ဖီးလီးယက်စ်..?"

အညိုရောင်ပုံရိပ်လေးကတဖြည်းဖြည်းသူ့ဘက်သို့လှည့်လာသည်။မှေးကျဉ်းသောမျက်ဝန်း၊အေးစက်စက်မျက်နှာထားနှင့်အညိုရောင်ဆံနွယ်များပိုင်ရှင်ကအမှန်တကယ်ပဲဖီးလီးယက်စ်ဖြစ်နေခဲ့ပေသည်။

ဖီးလီးယက်စ်ကဂျီမင်းရှိရာသို့တစ်လှမ်းချင်းစီလှမ်းလာသည်။ပုံရိပ်ကဖြည်းညင်းစွာနီးကပ်လာသည်နှင့်အမျှဖီးလီးယက်စ်၏လည်ပင်းတွင်ပြတ်ရှနေသောဒဏ်ရာခပ်ကြီးကြီးကိုတွေ့လိုက်ရသည်။

သူ့..သူ့လည်ပင်းကပြတ်နေတာ?

ဒဏ်ရာသည်တစ်ချက်တည်းနှင့်သေစေနိုင်သောဒဏ်ရာဖြစ်နေသော်လည်းဖီးလီးယက်စ်ကအေးအေးလူလူရှိနေသေးသည်။

"နောက်ဆုံးတော့ မင်းရောက်လာပြီပဲ"

"ကျွန်..ကျွန်တော့်ကိုပြောတာလား"

ဂျီမင်းကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးကာအယောင်ယောင်အမှားမှားမေးလိုက်မိသည်။
ဖီးလီးယက်စ်ကသူ့အားမနှစ်မြို့ဟန်ကြည့်လိုက်ပြီးပြောသည်။

"ဒီနေရာမှာမင်းတစ်ယောက်တည်းပဲရှိတာ"

"အဟမ်း ဒါဆိုကျွန်တော့်ကိုပြောနေတာပဲ"

"ငါ..."

"ကျွန်တော်ဒီကိုဘယ်လိုရောက်လာတာလဲ"

"..."

"မစ္စတာဖီးလီးယက်စ်ပြောပါ ကျွန်တော်စကားဖြတ်မိသွားတယ်"

"ငါတကယ်တော့အချိန်တွက်တာမှားသွားတယ်
မင်းဆီစာအုပ်ရောက်တဲ့အချိန်ကဒီလိုမလောက်လေးမလောက်စား၁၉နှစ်အရွယ်ဆီကိုတဲ့လား"

"ဗျာ"

"ထားပါတော့ မင်းကဘာသိမှာလဲ"

ဖီးလီးယက်စ်ကတခြားဘက်ကိုမျက်နှာလွှဲသွားသည်။
ဂျီမင်းသည်ဖီးလီးယက်စ်၏လည်ပင်းထက်ကဒဏ်ရာအားစူးစမ်းချင်နေတုန်းပင်။

"သူ..မင်းကဝီလီယမ်ဆိုတာကိုသိသွားပြီလား"

ဖီးလီးယက်စ်ကထစ်ငေါ့စွာတစ်လုံးချင်းပြောလာသည်။
အက်ကွဲနေသောအသံတိတ်ငိုသံတွေကစကားလုံးများထံမှထွက်လာသယောင်ယောင်။

Two Men In One Look (Completed)Dove le storie prendono vita. Scoprilo ora