jealous (1)

1.2K 155 110
                                    

Geminiကရိုင်းတယ်။

ဒီနေ့ရာသီဥတုမသာယာပါ။'Titicharoenrak'စံအိမ်ကိုရောက်ပြီးတဲ့၃ရက်အကြာမှာစည်းမျဉ်းတော်တော်များများကိုငါနားလည်လာခဲ့သည်။

ချွေးမရွေးမှာတဲ့။ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး၀င်ပါနေရတာရှက်တော့ရှက်မိသား။အဖွားကငါတို့နှစ်ယောက်ဒီအိမ်စရောက်ကတည်းကအိမ်အကူတွေမခေါ်ထားတော့ပေ။

အကြောင်းရင်းကငါတို့နှစ်ယောက်ရဲ့အရည်ချင်းကိုအကဲစမ်းချင်လို့!သူမကသိသိသာသာမိန်းကလေးnonဘက်ပါနေပေမယ့်ငါချက်ကျွေးသည့်ဟင်းမှသာစားလေသည်။

Nonမိန်းကလေးကဟင်းမှမချက်တတ်တာ!လူငယ်အကြိုက်ဆိုတဲ့အတိုင်းအပြင်ကနေသာအကင်တွေ၊မာလာဟင်းတွေစားလေ့ရှိသည်။

ကောင်မကလေးကဒီလိုမရင့်ကျတ်တဲ့ပုံနဲ့ယောင်္ကျားကယူဦးမည်တဲ့လေ။ပတ္တရားမှာရှိတဲ့ငါ့ညီမ၀မ်းကွဲစီသာပို့ပစ်လိုက်ချင်သည်။အဲ့တာမှဆုံးမပေးမဲ့လူရှိမှာ။

ဒီနေ့တော့ယာထားတဲ့ချွေးမလေးကောင်းမှုနဲ့geminiရဲ့အဖွားဖြစ်သူဟာ၀မ်းလျှောပြီးနေမကောင်းဖြစ်နေလေသည်။အသက်ကြီးနေပြီဖြစ်‌တဲ့လူကြီးတစ်ယောက်ကိုချဉ်ချဉ်စပ်စပ်ပင်လယ်စာထောင်းသွားကျွေးရတယ်လို့။

မနက်ကတည်းကကုမ္ပဏီအစည်းဝေးရှိလို့ထွက်သွားတဲ့geminiဟာလည်းအဖွားရဲ့အခြေနေကိုမသိပေ။လုပ်ချင်ရာလုပ်ပြီးnonမိန်းကလေးကတော့အိပ်ခန်းကတောင်မထွက်တော့ပေ။

ငါစိတ်ညစ်ချက်!အိမ်တော်ထိန်းစီကနေမိသားစုဆရာ၀န်ရဲ့ဖုန်းနံပတ်ကိုတောင်းပြီးငါ့မှာခေါ်ထားရသည်။၀မ်းလျှော၍မျော့မျော့လေးသာကျန်တော့သည့်အဖွားကိုမြင်ပြန်တော့လည်းငါစိတ်မကောင်းပေ။

ရေနွေးနွေးလေးတစ်ခွက်နှင့်ထန်းလျက်ခဲလေးအားယူလျက်အဖွားဘေးတွင်၀င်ထိုင်လိုက်သည်။

"ဘာမှမစားခင်ရေနွေးနွေးလေးတစ်ခွက်သောက်ထားနော် ဆရာ၀န်ကလမ်းမှာရောက်နေပြီတဲ့"

ငါချော့မြူရင်းအဖွားရဲ့ကိုယ်လေးအားတွဲကူကာကျောမှီလို့ရသည့်အနေထားသို့ပြောင်းပေးလိုက်သည်။သိပ်မကြာခင်မှာပဲတံခါးခေါက်သံနှင့်အတူလူတစ်ယောက်၀င်လာ၏။

My baby father (geminifourth ff✅)Where stories live. Discover now