Unrealistic husband

1.5K 152 97
                                    

ဟန်ဆောင်အမျိုးသား။

"အဆင်ပြေပါ့မလား.."

"အင်း မောင့်ကိုယုံလိုက်"

ခါးကိုထိတွေ့လာသည့်လက်တစ်စုံကြောင့်ငါ့ကိုယ်ကသိသိသာသာပင်တွန့်သွားသည်။အဲ့နောက်ထိကိုင်ထားတဲ့geminiရဲ့လက်ကိုဖယ်ချလိုက်၏။

သူကဒါကိုသဘောတကျရီရင်းခါးကနေငါ့ပုခုံးနားသို့လက်တင်လာသည်။ဒီတစ်ခါတော့ငါမဖယ်ချတော့ပေ။

"မင်းဘက်ကမောင့်အချစ်လိုပဲနေပေး ကျန်တာမောင်တာ၀န်ယူပေးမယ်"

Geminiဟူသည့်အမျိုးသားထံက'မောင်'ဆိုသည့်နာမ်စားကိုကြားသည့်အခါငါ့နားဖျားတစ်ခုလုံးရဲတက်လာခဲ့၏။ချမ်းသာတဲ့လူတစ်ယောက်နဲ့မှားပြီးတဲ့နောက်တစ်နေ့မှာငါဟာရုတ်တရပ်ဆိုသလိုပါပဲအိမ်ထောင်ပါကျသွားလေသည်။

လက်ထပ်မယ်တဲ့။သေချာပေါက်ငါငြင်းခဲ့ပေမယ့်အဆုံးသတ်ကျဒီဘူတာပဲပြန်ဆိုက်ရလေသည်။ဒါက‌လဲအပေးအယူစာချုပ်တစ်ခုသာ။

'အဖွားဆေးဖိုးထောက်ပံ့ပေးမယ်'ဟူသည့်အပြောကြောင့်ငါထိုအသိုင်းဝိုင်းထဲသို့ခြေချရ၏။စာချုပ်အရငါဟာgeminiနှင့်၃လသာလက်ထပ်ရပြီးနှစ်ဦးသဘောတူကွာရှင်းမည်တဲ့လေ။

အစကငါအပြတ်ငြင်းဖို့စဉ်းစားခဲ့ပေမယ့်တွေးကြည့်တော့လည်းငါ့အတွက်နစ်နာသွားမည်မှမရှိတာ။အဲ့အပြင်နစ်နာကြေးရောအဖွားဆေးဖိုးပါရမည်မလို့ငါထိုစာချုပ်တွင်လက်မှတ်ထိုးလိုက်ခြင်း။

geminiဟာငါ့ထက်၂နှစ်ငယ်သည်။အဲ့တာကြောင့်လည်းသူ့ကိုယ်သူ‌'မောင်'ဟုအသုံးပြုခြင်းသာ။ငါထိုအသုံးအနှုန်းတွေနဲ့မရင်းနှီးတာကအမှန်။

Geminiကသူ့အဖွားကိုငါနှင့်တွဲလာတာကြာပြီဟုလိမ်ထား၏။အဖွားရှေ့တွင်လည်းငါတို့ကတအားရင်းနှီးတဲ့အတွဲတွေလိုမျိုးဟန်ဆောင်ပေးရမည်တဲ့လေ။

Skinshipမကြိုက်ကြောင်းငါပြောသည့်အခါဟိုတယ်ခန်းထဲမှာအသက်ရှုတွေကြပ်တဲ့ထိဆွဲနမ်းခံထားရ‌တာကြောင့်ငါမငြင်းရဲတော့ပေ။

"အထဲ၀င်ရအောင် မောင့်အသက်"

Geminiဟာပြုံးရင်းငါ့ခါးကိုတစ်ဖန်နောက်ကနေသိုင်းဖတ်လာပြန်သည်။ဘယ်လောက်ပဲကြည့်ကောင်းတဲ့အပြုံးမျိုးဖြစ်ပါစေငါ့အတွက်တော့လူယုတ်မာကောင်ကြီးသာ။

My baby father (geminifourth ff✅)Where stories live. Discover now