" သမီးနာကျင်ရလိမ့်မယ် "

" အန်တီစိမ့်စမ်းညို နောက်ဆန်မတင်းပါနဲ့ စိတ်ထဲလည်းမထားပါနဲ့ အန်တီစိမ့်စမ်းညိုလည်းအန်တီစိမ့်စမ်းညိုချစ်စရာရှိတဲ့လူကိုချစ်ပါ သမီးလည်းသမီးချစ်တဲ့အန်တီစိမ့်စမ်းညိုကိုသမီးချစ်နေမှာပါ "

" အန်တီတောင်းပန်ပါတယ် "

" မလိုပါဘူး အန်တီစိမ့်စမ်းညို အရာရာခွင့်လွတ်ပေးပြီးထာဝရချစ်နေမှာပါ "

နွေဦးမောင်သည်စိမ့်စမ်းညိုကိုတင်းကြပ်စွာပွေ့ဖက်ထားမိလေသည်။

" ဒါကပထမဆုံးပွေ့ဖက်ခြင်းနဲ့နောက်ဆုံးပွေ့ဖက်ခြင်းပါ "

နှစ်ယောက်လုံးမျက်ရည်တွေကျခဲ့တယ်။အဘယ်ကြောင့်များလဲ။အချစ်ဟာ လောကဟာ သိပ်မတရားဘူးလို့ခံစားလိုက်ရတဲ့အခိုက်အတန့်တွေ...

" နွေဦးကိုသနားပါတယ် "

" တစ်ယောက်ကသစ္စာကြီးတာကိုပြခဲ့တယ် နောက်တစ်ယောက်ကလည်း ဖြူစင်ပြီးမျှော်လင့်ချက်ကင်းတဲ့ချစ်ခြင်းကိုပြသွားခဲ့တယ် လောကကြီးက တရားပါတယ်လေ "

အဖြစ်အပျက်အလုံးစုံကိုရပ်ကြည့်နေခဲ့သူတို့မှာမြကြာဖြူနဲ့မောက်ဝိုင်ဝမ်းတို့ပင်ဖြစ်သည်။

" ဟယ်လို မာမီ "

" သမီးငယ် ပြောလေ သမီး "

" အမ် ဘာမှမဟုတ်ပါဘူး ဒီတိုင်းနေကောင်းလားလှမ်းမေးတာပါ "

" သမီး ငိုနေတာလား "

ရှိုက်သံတစ်ချက်ထွက်သွားဟန်နဲ့တူပါတယ်။

" မာမီ "

ရှိုက်ကြီးတငင်ငိုလိုက်မိပါပြီ။ဝမ်းနဲခြင်းအလုံးစုံကိုဖောက်ထုတ်ပြီးမိခင်ဖြစ်သူနဲ့ဖုန်းပြောရင်းငိုနေခဲ့တာပါ။

" သမီးငယ် "

" မာမီ သမီးချစ်တဲ့သူကိုသူချစ်တဲ့လူနဲ့တွေ့ရတော့အရမ်းပျော်ပါတယ်မာမီ "

ငိုနေတဲ့မျက်လုံးတွေကြားထဲက နှုတ်ခမ်းကလေးအနည်းငယ်တွန့်သွားလျက်သူမဆိုလေသည်။

" မာမီ သမီးကိုဘာလုပ်ပေးရမလဲတောင်မာမီမသိတော့ဘူးကွယ် "

" မာမီလည်းဒယ်ဒီနဲ့အတူတူပြန်တွေ့ပေးပါ တခြားဘာမှမလိုပါဘူး တကယ်ချစ်ကြတဲ့သူတွေကအချိန်ဘယ်လောက်ပဲကြာကြာပြန်ချစ်နိုင်ကြတာပဲမလား "

Secret Love On AirWhere stories live. Discover now