Part - 8

195 26 2
                                    

" ဒီနေ့အိမ်ပြန်နောက်ကျလှချည်လား သမီးငယ် "

" အော့ ဟုတ်တယ် ဒယ်ဒီ အန်တီစိမ့်စမ်းညိုနဲ့ဆိုင်မှာစာဖတ်နေကြလို့နောက်ကျသွားတယ် "

" အော် အခြေအနေတွေကဘယ်ထိတောင်ရောက်ကုန်ပြီလဲ "

" ဘာကိုလဲ ဒယ်ဒီရဲ့ "

" ချစ်ရင်ချစ်တယ်ပြောဖို့မမေ့နဲ့တဲ့ ဒယ်ဒီဒီစကားကြားဖူးတယ် "

" အာ ဒယ်ဒီကလည်းဘာတွေလျှောက်ပြောနေတာလဲ "

" သမီးသဘောကျတဲ့သူနဲ့အတူတွေ့ရတာဒယ်ဒီကတော့ဝမ်းသာတယ် "

" ဒယ်ဒီရာ မဖြစ်နိုင်ပါဘူး "

" လောကကြီးမှာမဖြစ်နိုင်တဲ့အရာဆိုတာ..."

" ရှိတယ် ဒယ်ဒီရဲ့...မနက်ဖြန်ဆိုင်သွားရဦးမယ်ရေမိုးချိုးပြီးနားတော့မယ် "

ပြောရင်းဆိုရင်းနဲ့အိမ်ပေါ်ပြေးတက်ကာအခန်းထဲဝင်သွားလေသည်။

" စိမ့်စမ်းညို ကျုပ်သမီးနဲ့ဘာလို့ဒီလောက်နောက်ကျရတာလဲပြောပါဦး "

" ဒီတိုင်းပါ စာဖတ်ရင်းနဲ့နောက်ကျသွားတယ် "

" ရှင်နော် မရိုးမသားမကြံနဲ့နော် "

" ဟား ဟား ပြောမှဖြင့်ရှင့်သမီးကိုပြောရမှာပါကျွန်မကလူအိုကြီးဖြစ်နေပြီကြံဖို့အားကိုမရှိပါဘူး ရွှေခင်စောရယ် "

" ကဲပါ ဒီတစ်ခါအတည် သမီးနဲ့တို့နဲ့ပြန်အဆင်ပြေဖို့အလားအလာလေး "

" ခုထိတော့မမြင်သေးပါဘူး "

" မမြင်သေးတာလား ကူကိုမကူညီသေးတာလား "

" အေးဆေးပေါ့ ရွှေရယ်ဒါမျိုးတွေကအတင်းလုပ်ယူလို့မရတာ ဒါနဲ့ မြရိပ်ချိုကိုမတွေ့ပါလား "

" ရှင့်မြရိပ်ချိုက dating သွားနေတယ်ကွယ် "

" dating ???"

" ဘယ်တုန်းက ဘယ်သူနဲ့လဲ "

" အဲ့ဒါကိုတော့ကျွန်မလည်းမသိပါဘူး လာကြိုတာတော့ကောင်မလေးချောချောပါပဲတို့သမီးတွေထက်နဲနဲပဲကြီးမယ်ထင်တယ် "

" ဒီမြရိပ်ချိုကလည်းထိန်းမနိုင်ပါလား "

သက်ပြင်းပြင်းလေးတစ်ချက်ချရင်း....

Secret Love On Airحيث تعيش القصص. اكتشف الآن