Part - 3

240 31 0
                                    

One week later...

" မရွှေခင်စောရေ "

" အား ညိုတို့ရောက်လာကြပြီလား "

" ရှင်ကြိုက်တတ်တဲ့မုန့်တွေလည်းပါလာတယ်နော် အဝစား "

" ဟယ် ကျေးဇူးပါကွယ် "

" တီတီညို တီတီမြ "

" ကြည့်ပါဦး တို့မီးငယ်လေးတောင်တော်တော်လေးအရွယ်ရောက်လာပြီပဲ "

မှူးရတီ-ရွှေခင်စောရဲ့နောက်အိမ်ထောင်ရဲ့ယောကျ်ားဖက်ပါသမီးဖြစ်သည်။နွေဦးမောင်နဲ့အသက်အတူတူပင်ဖြစ်သည်။

" တီတီတို့ကိုအများကြီးလွမ်းတာပဲ "

" တီတီတို့လည်းလွမ်းပါတယ်တော် "

" သူ့တီညိုကိုပဲဖက်ပြီးမှတီတီတို့ကိုတအားလွမ်းပါတယ်တဲ့ ကလေးဆိုးက "

" တီတီမြကိုလည်းအများကြီးလွမ်းပါတယ်လို့ "

အီပျစ်နေအောင်ချွဲတတ်တဲ့မှူးရတီမှာတော့အချစ်တွေပိုရနေတော့သည်။

" ကဲပါ အလွမ်းကနောက်မှသယ်ကြ သမီး သင်တန်းချိန်ရောက်ပြီမလား သွားတော့ "

" ဟုတ်ကဲ့ပါ မာမီ ...တီတီတို့အပြန်ကျမှပြန်တွေ့မယ်နော် တီညိုနဲ့တီမြကိုပြောစရာတွေအများကြီးရှိတယ် "

" ဟုတ်ပါပြီရှင် "

" Bye bye "

" ကဲ ရွှေခင်စော ရှင့်သမီးနဲ့ရော အဆင်ပြေရဲ့လား "

" ဟင့်အင်း ငြိမ်းချမ်းရေးယူနေပေမယ့် သမီးကတို့ကိုဘယ်လိုမှမကြည်နိုင်ဘူးဖြစ်နေတယ် "

" ရွှေခင်စော ငါကတော့လေ မနေနိုင်လွန်းလို့နင့်ကိုပြောတော့မယ် သူငယ်ချင်းအရင်းကြီးတွေပဲဆိုတော့ငါလည်းနင့်ကိုအားနာမနေတော့ဘူး 12 နှစ်ကျော်လုံးကိုယ့်သမီးအရင်းကြီးတစ်ယောက်လုံးကိုပစ်ထားပြီးသွေးမတော်သားမစပ်တဲ့ကလေးအပေါ်ကိုနင်ကမေတ္တာတွေပိုနေခဲ့တာ နင်ခုထိနောင်တမရဘူးလား နင့်သမီးအရင်းပေါ်မှာနဲနဲလေးမှအားနာစိတ်မဝင်မိဘူးလား "

" မြရိပ်ချို "

" ညို ငါအမှန်တိုင်းပြောနေတာ "

" နောင်တရလို့ပဲခုချိန်မှာမိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတာပဲလေသူမှငါ့ကိုနဲနဲလေးမှလက်သင့်မခံတာ "

Secret Love On AirWhere stories live. Discover now