အပိုင်း။၂၈။ခင်ဗျားကိုချစ်မိသွားပြီ

Comincia dall'inizio
                                    

"ဘဘား..ချင် ချင် ဘဘားး"

သဲတုန်ဟာသူလက်ဆောင်ရလာသောဆင်ရုပ်လေးကိုကြွားဖို့
သူပါပါးအားခေါ်နေခဲ့သည်

"ဘဘားးးး ဘဘားးး
ဒယ်ဒယ် ဒယ်ဒယ် ဒယ်ဒယ်"

သူ့ဘက်ခြမ်းကနေတဆာဆာခေါ်နေသော
အသံကြောင့်လူကြမ်းမျက်နာရှုံ့မဲ့စွာနိုးထလို့လာခဲ့တော့သည်

"ဘာလဲ မင်းဘယ်တုန်းကရောက်နေတာလဲ"

"ဒယ်ဒယ် ဘဘားး ချင်"

သူ့လက်ထဲကအရုပ်အားယမ်းခါပြတော့လူကြမ်းသိလိုက်သည်ကခလေးကဟိုလူ့ဆီအရုပ်လာပြနေတာပဲ...

"မင်း ပါပါးအိပ်နေတယ်"

"နိုးနိုး..."

"ဟ နိုးလို့ရမလားအိပ်နေပါတယ်ဆိုနေမှ မင်းရောအပေါ်ကိုလာမလား"

"အွန်း.."

"မညံနဲ့နော်ညံရင်မင်းကိုငါဆူမှာ"

"အွန်း..."

"ပြီးရောလာခဲ့ ဘယ်ကဆင်မို့လို့
ဒီအထိလာကြွားရတာလဲဟ
မင်းဆင်ကပန်းရောင်ကြီး!!"

"လှလှ..."

"မလှပါဘူးမင်းကယောက်ကျားလေးဘာလုပ်ဖို့ဒီလိုအရုပ်နဲ့ဆော့နေတာလဲဘာလဲမင်းအဖေကအဲ့တာတွေနဲ့ပဲပေးဆော့နေတာလား ဟေ့ရောင်မင်းသေနတ်ပစ်မလား
ငါသေနတ်တွေဝယ်ပေးမယ်
စက်ရုပ်ရောယူမလား"

"အွန်းအွန်း ယူယူ"

"မင်းဒီလိုအနုအယွတွေနဲ့
မကစားရဘူးကြားလားပေးစမ်း
အဲ့အရုပ်...."

ဆင်အရုပ်ပန်းရောင်လေးအား
တဖက်သို့ကောက်ပေါက်ပစ်လိုက်သူ

"ဝါးးးး ချင်...ချင် ဝါးးးးး"

"မငိုနဲ့ငါပိတ်ရိုက်လိုက်ရ
မင်းပဲသေနတ်တွေစက်ရုပ်တွေယူမယ်ဆို....
ဒါဆိုဒီအရုပ်ကိုကောက်ပစ်ရမှာပဲ..."

"ဟင့်ဘဘားး​
ဘ ဘားးယေ!!... "

ခလေးကသူ့အရုပ်ကိုကောက်ပေါက်လိုက်တော့
JKဗိုက်ပေါ်ကနေတွန်းဆင်းကာအိပ်ပျော်နေတဲ့
Jimin ကိုခေါ်နိုးဖို့လုပ်နေတော့သည်

"ဒီဟာလေးကတော့ငါ့စကားကို
နားမထောင်ဘူးပဲ
မခေါ်နဲ့လို့ငါပြောထားတယ်လေ
လာ ငါနဲ့ရေလိုက်ချိုး"

ရန်သူ OTP ver S1 and S2Dove le storie prendono vita. Scoprilo ora