မကြိုက်သင့်သောတီချယ်🫀 P_23

Start from the beginning
                                    

"ဦးသန့်ဖြိုးအောင်ပါလား...ဘာကိစ္စရှိလို့လဲ"


"ကျွန်တော်ပုဂံက၀ယ်လာတဲ့လက်ဆောင်လေးတွေလာပေးတာပါ"


"ဟာဗျာ ကျေးဇူးတင်ပါတယ် သတိတရနဲ့၀ယ်လာပေးလို့"


"မလိုပါဘူးဗျ"


"မိတ်ဆက်ပေးရဦးမယ် ဒါကကျွန်တော်သမက်လောင်းလေ နာမည်ကထိန်လင်းအောင်တဲ့ အခုကလက်ထပ်ဖို့ရက်ရွေးနေကြတာ"


"ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ် ဦးလေး"


"အေးပါကွာ...ဒါဆိုဦးကောင်းခန့်မကြာခင်မှာကမြေးချီရတော့မှာပဲ"


"ဦးလေးကလဲ...စောပါသေးတယ်"

"ဟားဟား...ဟုတ်ပါပြီ"


ဦးကောင်းခန့်ကတော့နွေးကိုတပြီးပြုံးလိုက်သည်။
စိတ်ထဲတွင်-"ကလေးမရယ် သဘာ၀တရားကိုမဆန့်ကျင်စမ်းပါနဲ့"


ထိုစကားဝိုင်းထဲမှာဒေါသစိတ်တို့နဲ့ငြိမ်သက်နေသူကချစ်ရသူအမျိုးသမီးလေးဆီအားသွားကာ စကားပြောဖို့အချိန်ခဏတောင်းလိုက်ပြီးထို‌နေရာမှာထွက်လာခဲ့လိုက်သည်။။လူကြီးတွေကသူတို့အလုပ်နဲ့သူတို့မို့သတိမထားမိလိုက်ကြပါ။

"တီချယ် သူတို့ပြောနေတာကအမှန်တွေလား"

"အင်း ဟုတ်တယ်"

"တောက်! ကိုယ်ခရီးထွက်သွားတာ၃ရက်လေးပဲရှိပါသေးတယ် ဘယ်လို့တွေဖြစ်ကုန်တာလဲ"


"တစ်နေ့ကျရင်သူကတို့လက်ထပ်ရမယ်သူဆိုတာမင်းလည်းသိတာပဲ အခုကအချိန်တန်လို့ဖြစ်လာတာလေ မင်းကဘာတွေမကျေမနပ်ဖြစ်နေတာလဲ"

"တီချယ်မေ့သွားပြီလား ကိုယ်ကတီချယ်ရဲ့ချစ်သူဆိုတာ"

"......."

"ပြောလေ တီချယ်"

"လမ်းခွဲရအောင်"

"ဟင့်အင်း ကိုယ်တီချယ်ကိုချစ်တယ် လမ်းမခွဲနိုင်ဘူး"


"တို့ပြောနေတယ်လေ လမ်းခွဲမယ်လို့!!!"


"တီချယ်အော်လိုက်တာလား"


"ထင်ချင်သလို့ထင်"

"ကောင်းပြီလေ ဒါဆိုကိုယ်တစ်ခုပဲမေးမယ် တီချယ်ဦးထိန်လင်းအောင်ကိုချစ်လား"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now