ⓣⓦⓔⓝⓣⓨ

Start from the beginning
                                    

ဂျီမင် ထယ်ယောင်းနားကပ်လိုက်သည်။

ကိုကို့ကိုသူငေးနေပေမယ့် ကိုကိုက သူ့ဘက်မလှည့်ပေ။အနေကြပ်သလိုရုပ်လေးမို့ အသိမသာ ကိုယ်လေးပြန်ခွာလိုက်ရသည်။

မောင်က ငေးကြည့်နေရတဲ့သူပါကိုကို...

"ကျောက်စာတွေ ကြည့်ချင်တယ်"

"အာ...နေပူမှာပေါ့ မလိုက်ချင်ဘူး ငါဒီနားထိုင်နေမယ်"

မုန်းက အပင်ကြီးရဲ့အရိပ် ကြောင့်အေးနေသည့်ကျောက်စာနားထိုင်ကာသာ နေသည်။

"ကျွန်တော်လိုက်မယ်လေ"

ထယ်ယောင်း နှာခေါင်းတစ်ချက် လေမှုတ်ကာ

"နေခဲ့ မင်းချစ်သူနား"

သူပြုံးလိုက်ရသည်။ကလေးလိုဘဲ ကိုကိုက..

ကိုကိုစိတ်မကြည်မှာစိုး၍ သူအစ်မမုန်း နားထိုင်လိုက်ရသည်။

"တစ်ယောက်တည်းသွားမယ် ခဏနေ အပြင်ဘက်ထွက်ခဲ့ ငါစမူဆာဆိုင်က စောင့်နေမယ်"

ကိုကိုက ဘာမှသာ မမှတ်မိတာ လူ့ကျင့်ဝတ် စောင့်စည်းရမယ့် စည်းတွေသူအကုန်နားလည်သည်။အခုဆို သူက ကိုကို့ဘေးကပ်နေတာ ကိုကိုရိပ်မိနေ၍ ရှောင်ဖယ်ရှောင်ဖယ်လုပ်ရုံတင်မကဘူး အစ်မမုန်းနားပါအတင်းတွန်းပို့တတ်သည်။

"မင်း ဘယ်လိုခံစားရလဲ ဂျီမင်"

ကိုကို့ကို တမေ့တမော ငေးကျန်ရစ်နေသည့်သူ့အား အစ်မမုန်းက မေးငေါ့ကာမေးလာသည်။

"ကိုကို့ကို ဖက်ထားချင်တယ် လွမ်းကြောင်းတဖွဖွပြောပြီး သိပ်ချစ်ကြောင်းပြောချင်မိတယ်...အန်တီညို့စနက်ကြောင့် အစ်မနဲ့ကျွန်တော်က ကိုကို့ရှေ့ ချစ်သူအဖြစ်နေနေရတာလဲ အစ်မကို အားနာပါတယ်"

"ညဘက်တွေကြ ထယ်ခေါင်းတွေ တအားကိုက်တယ် ဂျီမင်...ငါအခု သူတို့အိမ်မှာတည်းတော့ အကြောင်းစုံသိရတယ် ခေါင်းတွေကိုက်လို့အော်ငိုတိုင်း မောင်ဆိုပြီး တစ်လုံးတစ်လေရွတ်တတ် သေးတာ ထယ်ယောင်းက နင့်ကိုသိပ်ချစ်တာမောင်လေး ငါ့လိုမိန်းကလေးတောင် သူမချစ်ခဲ့ဘူး နင့်ကြမှ သူတကယ်ချစ်သွားတာ"

you are coolWhere stories live. Discover now