" Liberator "

497 43 6
                                    

{ Recommend song - Your fav Chill playlist }

- ကျွန်တော့်ကို လွတ်မြောက်စေနိုင်မလားဟင်
ပင်လယ်ပြင်နားမှာရှိတဲ့ တံငါသည် ဘဝလေးနဲ့ ရုန်းကန်နေကြတဲ့ ရွာလေးတစ်ရွာမှာ  ချွဲဆွန်ချောလ် ဆိုတဲ့ ကလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။

မွေးဖွားတဲ့နေ့ကနေ လူပျိုပေါက်ရောက်သည်ထိ ဆွန်ချောလ် ကကြိုက်သည်ဆိုသူတစ်ဦးမျှမရှိ ဆွန်ချောလ်ကိုသာ လာကြိုက်ကြသည်။

ရုပ်ချော သဘောကောင်း သတ္တိဗလ စသည့် ယောက်ျားတစ်ဦး၌ရှီသင့်ရှိထိုက်သော လက္ခဏာရပ်တွေ ပြည့်စုံနေတဲ့ လူပျိုတစ်ယောက် ဘယ်ပျိုမေတို့က မကြိုက်ပါဘူးဟု ငြင်းရက်မလား။

တစ်နေ့မှာတော့ ဆွန်ချောလ်နဲ့ သူရဲ့ သူငယ်ချင်းတစ်စုတို့ ငါးဖမ်းဖို့ ပင်လယ်သို့ သွားရမည့် အချိန်တစ်ခုကိုရောက်လာခဲ့တယ်။

"ဆွန်ချောလ်ရေ မင်းကလဲကွာ မပြီးသေးဘူးလား"

"ဒီမှာ ပိုက်ကွန်က ပေါက်နေတယ်ဟ"

"မင်းဟာကြီးထားခဲ့စမ်းပါ နေမြင့်ရင် ငါးရခက်တယ်ဟ"

"အေးအေး သွားနှင့် ငါလိုက်လာခဲ့မယ်"

"အေး ဆိပ်မှာစောင့်နေမယ် မင်းသာမြန်မြန်လိုက်ခဲ့"

သူငယ်ချင်းတွေထွက်သွားတော့ သူလဲလိုက်လာဖို့ ပြင်ဆင်နေစဉ် လှံတစ်ချောင်းကိုသတိထားမိသွားသည်။ ငါးဖမ်းရာတွင် အထောက်အကူရအောင် ယူသွားလေသည်။

နေလုံးရောင်ခြည်မတောက်ခင် ဆိပ်ကမ်းသို့ ရောက်သွားကြသည်။ လှေပေါ်သို့ အမြန်တက်ကာ ကမ်းမှထွက်လာသည်။ကမ်းနှင့်တော်တော်ကွာမှ ပိုက်ကွန်ချကာ စောင့်နေသည်။ အတော်အတန်ကြာတော့မှ ပိုက်ကွန်ကိုဆယ်ယူလိုက်သည် ပိုက်ကွန်တွင်း ငါး ၁၀ကောင်လောက်ပါလာသည်။

ဒီလိုနဲ့ ဆယ်လိုက်ယူလိုက် တစ်ခါတစ်လေကျရင် လှံနဲ့ထိုးရတာနဲ့ ညနေစောင်းလာတော့ သူတို့လဲ ငါးအလုံလောက်ရပြီမို့ ပြန်တော့မယ်ပြင်ပေမဲ့ ဆွန်ချောလ်က

"ရော့ မင်းတို့ပြန်ရင်တစ်ခါတည်း ငါ့ ငါးခြင်းယူပြီး အဖေ့ကိုပေးလိုက်"

𝐥𝐢𝐛𝐞𝐫𝐚𝐭𝐨𝐫ෆWhere stories live. Discover now