Being a rich man wife

6.1K 165 107
                                    

One night stand။

"စိတ်ပျက်စရာပဲ.."

သက်ပြင်းတစ်ချက်ချရင်းဝီစကီခွက်အားလှုပ်ရမ်းကာငါမော့သောက်လိုက်သည်။

"ငယ်ချစ်ဦးပဲမလား?မင်းကလည်း ပေးစားမှတော့ယူလိုက်ပေါ့"

ငါမျက်ခုံးများတွန့်ချိုးကာsatangကိုဘုဆက်ဆက်ကြည့်လိုက်သည်။အိမ်ကမိန်းမပေးစားလို့ထွက်ပြေးလာပါတယ်ဆိုမှသူကပါယူခိုင်းနေတယ်။

Gemini Norawit။'Titicharoenrak'မိသားစုရဲ့အထွေးဆုံးလေးဖြစ်ပေမယ့်အလိုလိုက်လွန်းတဲ့အဖွားကဒီနေ့မှသူမကြိုက်သည့်အမျိုးသမီးအားယူခိုင်းလေသည်။

အဲ့အစားအမှိုက်သွားကောက်တာကမှခံသာဦးမည်။Hannon ဆိုသည့်အမျိုးသမီးဟာငါ့ငယ်ချစ်ဦးဖြစ်ခဲ့တာမှန်ပေမယ့်ခုချိန်မှာသူကငါ့ဦးနှောက်ထဲမှာသေးသေးလေးတောင်မရှိပေ။

မိသားစုထဲမှာတစ်ယောက်ထဲပါတဲ့သားလေးမလို့ကုမ္ပဏီကိုဆက်ခံဆိုတော့လည်းဆက်ခံပြီးပြီ။ခုလည်းကြည့်!အသက်၂၄တောင်မပြည့်သေးဘူးမိန်းမကထပ်ယူရဦးမည်။

ငါစိတ်ရှုပ်လိုက်တာ။အိမ်ပြန်ရင်ဩဝါဒချခံရမည်ဆိုး၍ဘားတွင်အဖော်လာလုပ်ပေးဖို့satangကိုခေါ်မိပါတယ်။သူကပါငယ်ချစ်ဦးဇာတ်လမ်းတွေလာပြောနေသည်။

Satang။ငါတို့မိသားစုရဲ့ဆရာ၀န်တစ်ယောက်ဖြစ်သလိုငါ့ရဲ့သူငယ်ချင်းအရင်းကြီးတစ်ယောက်ဆိုလည်းမမှားပေ။တစ်ခုခုဆိုsatangနဲ့ပဲတိုင်ပင်တဲ့ထိငါတို့ဟာရင်းနှီးပါသည်။

"မလိုချင်လည်းငြင်းပေါ့ကွာ ဘာများရှုပ်တာကြလို့"

"အေး ငြင်းလို့ရရင်မင်းကိုတောင်ခေါ်မနေဘူးသိလား"

ဝိုင်ပုလင်းအားဆွဲယူကာငါထပ်မံမော့ချလိုက်သည်။အိမ်ပြန်ရင်မိန်းမယူရမည်ဆိုသည့်အကြောင်းကြီးအားတွေးမိရုံနှင့်ပင်ငါ့စိတ်တွေကအလိုလိုကသိကအောက်ဖြစ်လာသည်။

တော်ရုံမသောက်တတ်ပေမယ့်ဒီနေ့တော့ငါ့စိတ်တွေဖြေ‌လျော့ဖို့လိုအပ်သည်။ဝီစကီတွေတစ်ခွက်ပြီးတစ်ခွပ်သောက်နေသည့်ငါ့ကိုsatangကတားလာလေသည်။

"တော်တော့ မင်းမူးရင်ငါပြန်မပို့နိုင်ဘူးနော်ဒီနေ့ဂျူတီရှိတယ်"

My baby father (geminifourth ff✅)Where stories live. Discover now