အပိုင်းကိုး

1.3K 150 36
                                    

( Unicode )

( အပိုင်းကိုး )

​ကြေးမှုံပြင်ထက်ဝယ် ထပ်ဟပ်နေတဲ့သူ့ပုံကိုယ်သူကြည့်ပြီး သဘောကျစွာပြုံးမိသွားသည်။မိတ်ကပ်ပါးပါးလိမ်းခြယ်ထားခဲ့၍
အိမ်ကကလေးရဲ့မျက်နှာလေးသည် အပြစ်နာဆာတစ်ကွက်မရိှ။သည်နေ့မှပိုပြီးကြည့်ကောင်းနေသလို သည်နေ့မှပိုပြီးဝင်းမွတ်နေခဲ့သည်။

ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဖြူရောင်ဝတ်စုံကို မှန်ထဲကနေပဲအထပ်ထပ်အခါခါပြန်ကြည့်နေမိပြီး စိတ်ချမ်းသာရပါတယ်။
ပြင်သစ်ကနေ မှာယူထားတဲ့ပိတ်စဖြစ်ပြီး ကမ္ဘာကျော်ဒီဇိုင်နာကိုယ်တိုင်က ချုပ်ပေးထားတဲ့ဝတ်စုံဖြစ်၍ ဒီစုံခမ်းနားမှုက​တော့ညွှန်းစရာတွေကုန်မည်မထင်..။

အရာရာဟာ မျှော်မှန်းထားတာထက်ပြည့်စုံနေတာမို့စိတ်ချမ်းသာမှုရတယ်ဆိုပေမယ့် ပျော်ရွှင်ရတာဟာ အပြည့်အဝတော့မဟုတ်ခဲ့ဘူး။အချစ်တွေပါမနေတာကလွဲရင် ဒီလက်ထပ်မှုဟာ ပြည့်စုံနေပါတယ်။

အနားမှာကိုယ်လက်ထပ်ရမယ့်သတိုးသားရှိပေးမနေတာကလွဲရင် ဒီမင်္ဂလာယူခြင်းကအသက်ဝင်နေဆဲပါ။အခုတွေးဖြစ်နေတာက ဟန်ထယ်ဟျွန်းအကြောင်းထက် ကိုကို့အကြောင်းတွေချည်းလေ။

ကိုကိုသာဆိုရင်ရော..?ဟန်ထယ်ဟျွန်းလို သူ့ကိုပစ်ထားမလားသိချင်နေတယ်။သိပ်မကြာတော့တဲ့အချိန်မှာလက်ထပ်ရတော့မယ့်သူ့ကို ကိုကိုကရောပစ်ထားဦးမှာလား?..။

ဒါမှမဟုတ် ကိုကို့မူပိုင်အပြုံးချိုချိုလေးတွေနဲ့သူ့အနားမှာ ထိုင်ပေးနေခဲ့ပြီး သူပြင်ဆင်နေသမျှကို သဘောတကျပဲထိုင်ငေးနေမှာလား။အဲ့လိုဆို သူကရော?...အခုလိုစူပုတ်နေဦးမယ်လို့ ထင်ရလား။ကိုကိုနဲ့ထပ်တူ သူလည်းပဲပြုံးနေမိမှာ အဲ့ဒါသေချာပါတယ်။

တံခါးဖွင့်သံကြားလိုက်၍ အခန်းထဲဝင်လာမယ့်လူကို လှည့်မကြည့်ဖြစ်သလို မှန်ထဲနေပဲထိုင်ရာကနေမထဘဲ လှမ်းကြည့်ဖြစ်လိုက်တဲ့တစ်ခဏမှာ သူ့နှုတ်ခမ်းလေးပွင့်ဟသွားရသည်။

စတိုင်ပင်ထဲကိုလက်တစ်ဖက်ထိုးလျှိုထားကာ သူ့အား အနောက်ကနေ ရပ်ကြည့်နေတဲ့ကိုကို။အနက်ရောင်အနောက်တိုင်းSuitဖြင့် ကိုကိုဟာဟိုအရင်တုန်းကအတိုင်း ချောမောနေဆဲ။ဒါပေမယ့် ဒီနေ့ပွဲအတွက် အဓိကလူမဟုတ်တာလေးကလွဲရင် ကိုကိုကပြည့်စုံနေခဲ့ပါတယ်။

ကိုကို(completed)Where stories live. Discover now