ယခု အခန်းထဲမှဇက်မှာ ကာ့ပါလီယာ၏တည်ငြိမ်မှုက သိသိသာသာလှုပ်ခါသွားကြောင်း မြင်တွေ့လိုက်ရသည်။ ဝိညာဉ်ချိတ်ဆက်မှုက တဖက်တည်းသာရှိနေပြီး အပြန်အလှန်ဆက်သွယ်ရန်မှာလည်းဝေးကွာလွန်းသောကြောင့် ကုဟွိုက်မှာ ဆက်သွယ်မှုရရှိသည့်ဇက်၏ တုံ့ပြန်မှုကိုမပြောတတ်ချေ။ ကို့ရိုးကားယားနိုင်သောအဖွင့်စကားအပြီး ကုဟွိုက်ကား စိတ်ထဲရှိသည့်အတိုင်းသာပြောရန်ဆုံးဖြတ်ချက်ချလိုက်သည်။

[မင်းတူဆာကိုလာခဲ့ပါလား၊ ငါအခု ဒီဂြိုလ်ပေါ်ရောက်နေတယ်၊ ဖြစ်နိုင်ရင်ငါမင်းကိုတွေ့ချင်တယ်]

ကုဟွိုက် ထိုအထိပြောဆိုပြီးနောက် ဆက်သွယ်မှုအားမဖြတ်တောက်လိုက်ခင် တခဏမျှစောင့်ဆိုင်းနေလိုက်သေးသည်။ ထို့နောက် သူမသမ်းဝေဘဲ မနေနိုင်တော့။ မျက်ရည်စလေးအချို့က ကုဟွိုက်မျက်လုံးထောင့်တွင်ပေါ်လာပြီး အနည်းငယ်နီမြန်းလာသည်။ သူမျက်လုံးများကိုပွတ်ရန်လက်မြှောက်လိုက်သည်။

ထိုအချိန်မှာပင် တကြိမ်တခါမှမြင်တွေ့ခဲ့ဖူးခြင်းမရှိသော အခြားဂြိုလ်ပေါ်သို့ဆက်သွယ်မှုမှာ လျှပ်စီးပတ်လမ်းကိုဖြတ်ကာ ဗိုလ်မှူးထံရောက်ရှိလာသည်။ အဆိုပါဆက်သွယ်မှုတောင်းဆိုချက်၏ ပေးပို့သူကိုဩဒိနိတ်မှာ တာမီယာ နှင့် ရင်း ကြယ်စုများထံမှဖြစ်သည်။ ဗိုလ်မှူးက သတိအပြည့်ဖြင့်စစ်ဆေးပြီးနောက် ငွေရောင်ဆံနွယ်ရှင်ကျန်းက ခေါင်းညိတ်ပြနေသည်ကိုမြင်ရသည့်အခါမှ ဆက်သွယ်မှုတောင်းဆိုချက်ကိုလက်ခံလိုက်သည်။

ဆက်သွယ်မှုချိတ်ဆက်ပြီးသည်နှင့် ရေခဲရိုက်မျက်နှာဖြင့်အမျိုးသမီးဇက်က ဆက်သွယ်သည့်ဖန်သားပြင်ထက်တွင်ပေါ်လာ၏။ လူသားပုံစံထိန်းသိမ်းထားသည့်သူမသည် အပေါ်ယံအမြင်အရ မဆိုးရွားလှပေ။ ဆက်သွယ်ရေးဖန်သားပြင်ထက်မှ အမျိုးသမီးဇက်က ဤတကြိမ်တွင်အတော်အသင့်တိုးတက်လာပြီဟုဆိုရပေမည်။

သို့သော်လည်း အနှီအလှလေးကား အေးစက်လွန်းလှပါသဖြင့် ကြည့်မိသူတိုင်းကို မုချထိတ်လန့်စေလိမ့်မည်။ သည့်အပြင် တဖက်မှသူများက တက်ခ်ဇက်နှင့် အဆင့်တစ်အယ်လ်ဖာဖြစ်နေပြီး ထိုအချတစ်ချက်ကသာ ချွင်းချက်အဖြစ်သတ်မှတ်ထားသည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now