"ဒါတွေက အရှင့်အတွက် အအေးဒဏ်ခံနိုင်တဲ့အဝတ်တွေပါ...ပုံစံတွေကတော့ အခြားမျိုးနွယ်စုတွေနေ့တိုင်းဝတ်နေကျအတိုင်း ချုပ်ထားပါတယ်...အရှင်သဘောကျရဲ့လား..."

အဆင့်မြင့်ဇက်သည် ထိုမေးခွန်းမေးနေချိန်၌ အတန်ငယ်စိတ်လှုပ်ရှားနေသယောင်ရှိသည်။ ၎င်း၏မျက်လုံးများမှာ ကျုံ့ဝင်နေပြီး အရှေ့မှလူငယ်လေးက မကြိုက်ဘူး ဟုပြောလာမည်ကိုစိုးရိမ်နေပုံရသည်။

ဇက်မျိုးနွယ်စုတွင် စစ်တပ်၏ ဦးစီးချုပ်မှစကာ သာမန်အောက်ခြေစစ်သားများအထိ၊ အားလုံးက အနက်ရောင်ယူနီဖောင်းများသာ ဝတ်ဆင်ကြသည်။ သို့သော် သူတို့ ကုဟွိုက်အတွက် အဝတ်အစားများပြင်ဆင်ကြရသည့်အခါ အဆိုပါနက်မှောင်အေးစက်သည့် ယူနီဖောင်းများက သူတို့၏ ရှင်ဘုရင်နှင့်မသင့်လျော်သလိုသာ ခံစားကြရ၏။

စစ်တပ်ယူနီဖောင်းများက စစ်မြေပြင်နှင့်ဆက်နွယ်မှုတစ်ခုရှိတတ်သည်။ ရုတ်တရက်ပင် အဆင့်မြင့်ဇက်ခမျာ တွေးလေ ပိုကာစိတ်မချမ်းသာရေလျဖစ္လာ၏။ သူတို့သည် ဘယ်သောအခါမှ သူတို့၏ဘုရင်အား ထိုသို့အန္တရာယ်များသည့်နေရာများထံ သွားခွင့်ပေးကြမည်မဟုတ်။ ကြယ်တာရာများအကြား သူတို့နှင့်တိုက်ခိုက်လာမည့် မျိုးနွယ်စုများရှိလာခဲ့ပါမူ လူငယ်လေး၏မမြင်ကွယ်ရာတွင်သာ စစ်ပွဲကိုအဆုံးသတ်လိုက်ပြီး ရန်သူများကို၏ဘုရင်အနားသို့ကပ်ခွင့်ပေးမည်မဟုတ်ချေ။ လူငယ်လေးဒဏ်ရာရသွားမည့်အဖြစ်ကို သူတို့တွေးကြည့်၍ပင်မရ။

ကုဟွိက်မှာ သူ၏အရှေ့မှ အဆင့်မြင့်ဇက်၏ ပူပင်သောကကိုခံစားမိပြီးမြန်မြန်ဆန်ဆန်ခေါင်းညိတ်လိုက်ကာ အပြုသဘောဆောင်သည့် 'အင်း' ဟူသောအဖြေကိုပေးလိုက်သည်။

ကုဟွိုက်က ထိုသူတို့အဆင်ပြေနေသရွေ့ အဝတ်အစားအတွက်မလိုအပ်ပေ။ အရေးအကြီးဆုံးအရာမှာ သူ့ထံတွင်ရုပ်ရည်လေးရှိနေရန်သာဖြစ်ပြီး အရုပ်ဆိုးသည့်အဝတ်အစားများဝတ်ရလျှင်ပင် မခဲယဉ်းပါချေ။ ကုဟွိုက်ကား အဝတ်အစားသစ်များကိုကြည့်ပြီးနောက် စတိုင်က အလြန္တရာမွ ပုံတုံးနေသလိုခံစားရသည်။ ၎င်းတို့သည် သူနေထိုင်ခဲ့သောမူလကမ်ဘာမှ သာမန်ဆောင်းရာသီဝတ် အထည်များနှင့်အတူတူပင်။

ငါ လူသားမဟုတ်တော့ဘူးOnde histórias criam vida. Descubra agora