သူတို့ရဲ့ပတ်သက်မှုက ရိုးရှင်းပါတယ်။မီဒီယာတွေ၊သတင်းထောက်တွေအသိ။ရာစုအတွက် Secretary ကနှစ်ယောက်ရှိသည်။ရွှေရည်သွန်းက company ရဲ့အတွင်းရေးမှူး၊ ဟန်လင်းသန့်က confidant။
မနက်ကတောင် စောစောစီးစီးအဆဲခံလိုက်ရတဲ့တစ်ယောက်လေ။အဲ့ဒါ ဟန်လင်းသန့်။သူကလည်း သူငယ်ချင်းပဲ။ငယ်သူငယ်ချင်းတော့မဟုတ်ပါ။uni လောက်မှတွေ့ခဲ့တာ။
ရွှေရည်သွန်း ကိုထိန်ချန်ထားတဲ့အကြောင်းအရာမှန်သမျှ ဟန်လင်းသန့်နှင့်သာပြောဖြစ်သည်။
ရန်သူဆိုတာက အားနည်းသူကိုရွေးကြမှာအမှန်။ရွှေရည်သွန်းလို မိန်းကလေးကစိတ်ဓာတ်မာတာသိပေမဲ့ အန္တရာယ်တွေထဲဆွဲမခေါ်ချင်။ဟန်လင်းသန့်နှင့်သာ အဆင်ပြေသည်။ပြောရရင် ရာစု လိုလူမျိုးက အမြဲအသက်အန္တရာယ်နဲ့ကြုံတွေ့နေရတာချည်း။ဒါကလည်း လုပ်ကြံမှုတွေပေါ့။အမြဲအသက်ဘေးကလွတ်တာက ကုသိုလ်လို့ပဲပြောရမလား။
သက်တော်စောင့်တော့ ထားဖူးသည်။တစ်ယောက်မှအချိုးမပြေ။ပြီးတော့ သက်တော်စောင့်တစ်ခါခေါ်ရင် အလုပ်အရမ်းရှုပ်တာ။သူလျှိုတွေ၊ထောက်လှမ်းရေးတွေနဲ့တိုးမှာစိုးလို့။
ရွှေရည်သွန်း တို့အိမ်ရှေ့ရောက်တော့ သူ့ကိုဖုန်းဆက်ခေါ်လိုက်သည်။ခနကြာတော့ ထွက်လာပါပြီ။မုန့်လေးထွက်စားမှာကို ပြင်ထားလိုက်တာများ။
စပ်ဖြဲဖြဲနဲ့ကားတံခါးဖွင့်ထိုင်လာသူမှာ မျက်နှာပိုးမသေသေး။ရာစု ကားစက်မနှိုးသေးဘဲ ခန္ဓာကိုယ်ကိုတစောင်းလှည့်ကာ ရွှေရည်သွန်းကိုစိုက်ကြည့်၍
"နေပါအုံး။နင့်ကိုယ်နင်များ ရည်းစားနဲ့ date မယ်ထင်နေတာလား"
"ဟဲ့ ငါကဘယ်သူလဲ"
"လူလေ"
"မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းစု CEO ရဲ့ Secretary လေ။ပြင်ရမှာပေါ့။အခုပြင်ထားတာတောင် နည်းနေသေးတယ်"
"ကာယံကံရှင် ငါတောင်သိပ်မပြင်ဘူး"
"နင်ကယောက်ျားလေးလေ။ငါက မိန်းကလေး..ဘယ်တူမလဲ"
"နင်တို့မိန်းကလေးတွေအလှအပ သိပ်မက်တာပဲ"
"တော်တော်..ငါ့ကို ဆိုင်သာမောင်းပေးစမ်းပါ။ဗိုက်ဆာနေပြီ "
Part 1
Start from the beginning
