"တောက်စ်!ဒင်းကများ ငါ့ကိုမတူတာလိုလို၊မတန်တာလိုလိုနဲ့။အဟက်! မင်းရဲ့ကံကြမ္မာတိုင်း ငါဖန်တီးလို့ရတယ် တူလေး...."

အားရစွာပြုံးနေပြီး လက်ထဲရှိကော်ဖီလက်ကျန်အား အတွေးနဲ့ကြည်နူးလျက်သောက်နေလိုက်သည်။

ဆွေးမျိုးဆိုတဲ့နာမ်ဂုဏ်ပုဒ်တစ်ခုကြောင့်သာ သူ့ရဲ့အိမ်၊သူ့ရဲ့နေရာ၊သူ့စည်းစိမ်၊သူ့အလုပ်အကိုင်မှာ ထားရှိပေးရခြင်း။မသေချာသေးသော အကြောင်းအရာတစ်ခုကြောင့် လက်ခံထားတာဖြစ်သည်။

အတိတ်ကအကြောင်းအရာကို နယ်ကျွံတွေးမိပြန်‌တာကြောင့် အတွေးကိုချက်ချင်းခါထုတ်ပြီး ကားကိုထုတ်ကာ ထိုအိမ်ထဲမှထွက်ခဲ့သည်။ဉီးတည်ရာက မစဉ်းစားရသေး။ အပြင်သွားပြီး တည်းခိုခန်းတစ်ခုခုမှာ အလုပ်လုပ်ရင်လုပ်မည်။ဂေါ့ရိုက်ရင်ရိုက်မည်။ယနေ့လို အလုပ်နားရက်တွေမှာ အိမ်ထဲမနေချင်။အိမ်မှာနေဖြစ်ရင် သူ့အတွေးတွေထပ်၍နယ်ကျွံမှာစိုးရသည်။

နန်းတွင်းပမာ ကြီးမားလှသောအိမ်ကြီးအားကျောခိုင်းကာ နက်စွေးစွေးကားတစ်စင်းမှာဖြေးဖြေးချင်းသာထွက်ခွာသွားသည်။ဘယ်ဉီးတည်ရမလဲစဉ်းစားနေစဉ် ဖုန်းမြည်သံကြောင့် ကားအားလမ်းဘေးသို့ချရပ်လိုက်သည်။

"ဟယ်လို...ရာစု "

"ပြော"

"နင်အခုဘယ်မှာလဲ"

"လမ်းဘေးမှာ"

"ဘယ်သွားမလို့လဲ"

"မသိသေးဘူး"

"အဲ့ဒါဆို ငါ့ကိုမနက်စာလိုက်ကျွေးပါလား။ငါတို့လဲ အလုပ်နားတုန်းလေးထွက်သင့်တယ်မလား"

"နင်နဲ့ငါ့ကိုသတင်းတွေထွက်မှာ မစိုးရိမ်ဘူးလား"

"အမလေး...ပြောတဲ့သူရှိရင် ထိုင်ရှိခိုးချင်လို့။နင်နဲ့ငါ တွဲနေတယ်ဆိုရင်တောင်ဘယ်သူမှယုံမှာမဟုတ်ဘူး"

သူငယ်ချင်းဖြစ်သူ ရွှေရည်သွန်း စကားကြောင့် ရှိုင်း ဖုန်းပြောနေရင်းသဘောတကျရယ်လိုက်မိသည်။

"အဟား! အေးပါ...အဲ့မှာစောင့် လာခေါ်မယ်"

"အေးအေး"

Love Behind The Complexity Where stories live. Discover now