"ကိုကို ခင်ဗျားက နှလုံးသားမရှိလိုက်တာ"
Jungkookဓာတ်ပုံထည်းက ပြုံးရယ်နေတဲ့ Kim Seokjin အား အလျှိုမကျစွာ ကြည့်ရင်းပြောလိုက်တယ်။
"ကျွန်တော် ရှေ့မှာဆို အမြဲဆူပုတ်နေတဲ့သူက ခင်ဗျားရောဟုတ်ရဲ့လား"
"ကျွန်တော်မဟုတ်တဲ့ တစ်ခြားသူ့အနားမှာ ခင်ဗျားပြုံးရယ်နေတာကို မကြိုက်ဘူးကိုကို"
ဓာတ်ပုံထည်းမှာ အပြစ်ကင်းစင်စွာ ပြုံး ရယ်နေတဲ့သူအား လက်လေးနဲ့ အသာထိရင်း....
"ခင်ဗျား ဘေးနားက လူကို မနာလိုလိုက်တာ"
ခင်ဗျားနဲ့ မတွေ့ဆုံခင်အချိန်ထိ Jeon Jungkookဆိုတဲ့ သူ့ ဘဝမှာ ဘယ်သူ့ကိုမှ မနာလို မဖြစ်ဖူးခဲ့ချေ။
"သခင်လေး"
"စုံစမ်းခိုင်းတဲ့ဟာ ရပြီလား"
"ဟုတ်ကဲ့ ပြီးတော့"
"ပြော!"
"သူက..."
သူပြောလိုက်ရမလား။ တကယ်လို့ သူပြောလိုက်လို့ သခင်လေး ဒေါသထွက်ပြီး ကိုယ့်ကို မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ဒီအချက်လက်တွေကို သူကိုယ်တိုင်ပြောတာထက်၊ သခင်လေးကိုယ်တိုင် ဖတ်ကြည့်ရင် ပိုကောင်မည်။
"hey.. Jungkook!"
ထိုအချိန် ကြားလိုက်ရတဲ့ အသံကြောင့် Bodyguardလေးခင်ဗျား ခုမှပဲ အသက်ရှုချောင်တော့တယ်။
"အချက်လက်တွေထားပြီး သွားတော့"
"ဟုတ်ကဲ့"
အချိန်မှီ ရောက်လာတဲ့ သခင်လေး hoseok ကို အရမ်းကျေးဇူးတင်တာပဲ။" မင်း ခုတလော ပျောက်ချက်သား ကောင်းလှကြည်လား ငါ့ကောင်"
"ဒီလိုပါပဲ"
ခါတိုင်းလိုသွေးပူပြီးတက်ကြွနေတက်တဲ့ Jeon Jungkookက ခုတော့ လက်ထည်းက ဓာတ်ပုံအား မှိုင်တိုင်"ကြည့်နေတဲ့ Jeon Jungkook ဖြစ်နေသောကြောင့်...
"မင်း ဒီလောက် အာရုံစိုက်ကြည့်နေပုံအရ ဓာတ်ပုံထဲက မိန်းကလေးက ဘယ်သူများလဲ"
"သူက မိန်းကလေး မဟုတ်ဘူး"
"......"Jungkook ရဲ့ တုန့်ပြန်လာတဲ့ ပြောစကားကြောင့် ခဏတာမျှ ပြောစရာ စကား ပျောက်ဆုံးသွားတော့တယ်။
YOU ARE READING
🖤 M.I.L.E🖤
Fanfictionဒါလေးက ကိုယ်ရဲ့ မြတ်နိုးရာ OTPလေးမို့အမှား တစ်စုံတစ်ရာ ပါသွားရင်ခွင့်လွှတ်ပါ။