Ⓔⓘⓖⓗⓣⓔⓔⓝ

Start from the beginning
                                    

"မေမေ..."

မေမေက ပုတီးစိပ်နေရင်းသူ့သားကိုမြင်တော့ အံ့ဩသွားသည်။မျက်ရည်တွေဝဲလာကာ ထိုင်နေတာက ထရပ်လိုက်ပြီး နှုတ်ကလည်း

"သားးး မေမေ့သားးး...."

သူမေမေ့နားသွားလိုက်တော့ မေမေက သူ့ကိုဖက်လေ၏။

"လူမိုက်ကောင် မင်းပြန်လာမှာမေမေ မျှော်နေတာ"

သူပါမေမေ့အလွမ်းဓာတ်ကြောင့် မျက်ရည်ကျမိ၏။

"သားလူမိုက် အိမ်ပြန်လာပြီမို့ မေမေ အလွမ်းပြေပြီလားး"

မေမေက သူ့ခေါင်းကလေးသပ်ကာ

"မေမေ့ဆီ ပြန်လာတာလား"

သူဘာပြောရမှန်းမသိတော့ပေ။မေမေက မျှော်လင့်တစားမေးနေတာ ဘာဘဲ ဖြစ်ဖြစ်အလည်လာတယ်ဆိုတာ ပြောရမှာ

"အလည်..."

"ဪရောက်လာပြီလားးး"

ဒေါ်ဒေါ်က မီးဖိုချောင်ကနေ ထွက်လာလေသည်။

"နေကောင်းလား ဒေါ်ဒေါ် "

"ကောင်းပါ့ သတင်းတွေ မြခက်သွယ်ဆီက ကြားပါ့"

သူပြုံးလိုက်သည်။မေမေ့ဘက်ကြည့်တော့ မေမေက သားကိုကြည်နူးရိပ်တွေနဲ့ရွှန်းရွှန်းစားစားကြည့်နေသည်။

"လက်ထပ်လိုက်တာ မေမေ့ကိုလာမပြောတာ မေမေတို့ကအပြင်းအထန်သဘောမတူခဲ့တာလေ အဲ့တာမို့ပါ"

"ဒါနဲ့ မင်းက အခုဘာလာလုပ်တာလဲ"

ဒေါ်ဒေါ့်မျက်နှာထားက ခပ်တည်တည်မို့ သူအနေနည်းနည်းကြပ်သည်။

"မေမေ့ကို လွမ်းတာလည်းပါပါတယ်‌ ဒေါ်ဒေါ်"

"မုန်းနဲ့ ညက ဖုန်းပြောဖြစ်တယ်သား မေမေသားသတင်းကိုကြားရတော့ မေမေ့သားလာရင် ကောင်းမှာဘဲတွေးလိုက်မိသေး လာထိုင်ပါအုံး မေမေသိချင်တာမေးပါရစေဦး"

သူမေမေနဲ့အတူ Sofaပေါ်ထိုင်လိုက်သည်။ဒေါ်ဒေါ်က သူတို့မျက်နှာချင်းဆိုင်က ထိုင်ခုံမှာထိုင်၏။

"မုန်းက ပြောဖူးတယ် ဂျီမင်က လူရည်လူမွန်လေးတဲ့ မနေ့ညကလည်း မုန်းက သားတို့ အကြောင်းပြောရင်း မေမေသိလိုက်တာ သားတို့အဆင်ပြေပြေလေးရှိနေတယ်ဆိုတာဘဲ"

you are coolWhere stories live. Discover now