🍁//Chapter-4//🍁

Začať od začiatku
                                    

အငယ်ဆုံး ဖြစ်သူတို့ရဲ့ ထုံးစံ အတိုင်း
စိတ်ဆိုးဆိုးနဲ့ သူဟာ အိမ်ရှေ့ ခြံဝင်းထဲကို
ကော့တော့ကော့တော့နှင့်
ထွက်သွား တော့သည်။
Min(မင်မ်)လဲ အမေဖြစ်သူကို အမူအရာ
နဲ့ပြောရင်း သူ့မောင်လေးအား ချော့ဖို့ရာ
အိမ်ရှေ့ကို ထွက်လာရတော့သည်။

"Khaotung...... ဒီအချိန်က Decemberလထဲကိုရောက်နေတာမလို့ အစ်မတို့ မြို့အုပ်မင်း ကလေ ဈေးသည်တွေ ကို
ဈေးလျှော့ ရောင်းခိုင်းတဲ့ကိစ္စကို သိတယ်မလား"

Khaotung ဘာမှ မပြောပဲ ဒန်းလေးကိုသာ လွှဲလို့ ထိုင်နေသည်။
သို့သော်..... သူ့ အစ်မ ဖြစ်သူရဲ့ စကားကို
စိတ်မဝင်စားခြင်းတော့ မဟုတ်......

"အဲ့ဒီ့မှာ ရောင်းတဲ့ပစ္စည်းမှန် သမျှကို မြို့အုပ်မင်း က ဝယ်ထားပြီးသားတဲ့.....
ေရာင်းသူ ဝယ်သူ နှစ်ဦး စလုံး အဆင်ပြေအောင်.....အထူးဈေးလျှော့ပြီး ရောင်းခိုင်းတာပါ....ပြောရရင်.... သူ့မြို့သူ မြို့သားတွေကိုပေးတဲ့ ဆောင်းရာသီ လက်ဆောင်ပေါ့ကွယ်......နောက်ပြီး ဒီလ အတွက်လဲ တစ်မြို့
လုံးကို အခွန်လွတ်ငြိမ်းခွင့်ပေးထားတယ်တဲ့..............''

"နောက်ပြီးတော့လေ Khaotung လေးရဲ့...
မြို့အုပ်မင်းလေး ကလေ လူတော်လူကောင်း
ယောက်ျားကောင်းလေးပါကွယ်.....
ဒီနယ်မြို့လေးမှာ Khaotung လေးရှိနေတဲ့
အတောအတွင်း မြို့အုပ်မင်းလေးနဲ့
ပြဿနာ မဖြစ်စေချင်သလို မြို့အုပ်မင်းလေး အပေါ်မှာလဲ အမြင်မစောင်းစေချင်ဘူး..... အစ်မဆိုလိုတာကို နားလည်တယ်မလား"

Khaotung ကတော့ အစ်မ စကားကို သိပ်လက်မခံ ချင်.....အမြင်စောင်းတယ်ဆိုရလောက်အောင်....Khaotung နဲ့ ရန်ငြှိုးရှိတဲ့လူမဟုတ်......

"အစ်မတို့က တကယ့်ကိုတစ်ဖက်ပိတ်တွေပဲ.....အစ်မတို့ကို တစ်ခုခုလုပ်တဲ့ အခါကျမှ....."

''Khaotung.... ''

စကားကမဆုံးသေး.....အစ်မက
တစ်နေရာ ကို ေမးငေါ့ပြတာမလို့ အကြည့်ပို့လိုက်တော့.....အမေဟာ လက်တစ်ဖက်က
ခါးကိုထောက်...တစ်ဖက်က အသားလှီး
ဓားကြီးနဲ့....အဲ့ဒီ့ မြို့အုပ်မင်း ကို Khaotung
သိပ်မုန်းတာပဲ.........

"သိပြီ သိပြီ....မေတ္တာရှင်ကြီးကို အစ်မတို့အမေတို့ပဲ ကြည်ညိုနေလိုက်တော့...
ကျွန်တော်ကတော့ ဘာမှမပြောတော့ဘူး
အိမ်ပေါ်တက်ပြီး စာရေးတော့မယ်....
တကယ့်ဟာတွေ"

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now