"မောင် ငါ တို့ဟူးကြော် စားချင်တယ် မင်းနဲ့ အရင်က စားခဲ့တဲ့ ဆိုင်လေး ဝင်စားရအောင်"

မောင်က ခေါင်းကလေးငြိမ့်ပြသည်။အခုထိ မောင်က တစ်လမ်းလုံး သူ့လက်ကလေး ကိုင်ထားတာဘဲ

မောင်နဲ့သူ အရင်က စားခဲ့တဲ့ တို့ဟူးကြော်ဆိုင်ကလေးမှာ ထိုင်လိုက်ကြသည်။

မောင်က သူ့ကိုရေနွေးငှဲ့ပေးရင်း

"ကိုကို အစ်မမုန်းကို မတွေ့ချင်ဘူးလား"

ထယ်ယောင်း စားလက်စ တို့ဟူးကလေး ပန်းကန်ထဲ ဘေးကပ်ချကာ

"အားနာတယ် မောင်ရဲ့ ငါက မောင့်နောက်ကို လိုက်ခဲ့တုန်းက သူ့ကို သတိတောင်ရတဲ့သူမှမဟုတ်ဘဲ အခုနေ သွားတွေ့ရင် ငါမျက်နှာပူတယ်"

မောင်ခေါင်းကလေးငြိမ့်သည်။

"ငါဒီကနေ ပြန်ရင် အိမ်ကိုဝင်ချင်တယ်မောင်"

ဂျီမင့်စိတ်ထဲ လစ်ဟာ သွားသလို ခံစားရသည်။ကိုကို့အိမ်က ကိုကို့ကို သူ့ဆီ ပြန်မလွှတ်ရင် သူဘယ်လိုလုပ်ရပါ့

"သွားပေါ့ ကိုယ့်မိဘကို ကိုယ်လွမ်းတာဘဲ မောင့်ကိုစိတ်မပူနဲ့ ကိုကိုပျော်ရင် ရပြီ"

"ငါအစွမ်းကုန် မင်းကို ငါ့အိမ်က လက်ခံအောင်ကြိုးစားမှာ"

ကိုကိုက ပြုံးပြုံးကလေးပြောတော့ သူကျောက်ရုပ်ကြီးအလားငေးကြည့်နေမိသည်။အတွေးတွေရောနေတာရော ပါမည်။

"မောင် ဒီမှာ မေမေ့သူငယ်ချင်းရဲ့ လက်ဖက်ခြောက်ဆိုင်တို့ ပဲပုပ်ခြောက်ဆိုင်တို့ရှိတယ် ခဏနေ ငါအားပေးချင်တယ်"

"အင်း ကိုကို့သဘောလေ မောင် ညက ကိုကိုကိုကြိုက်တာသုံးဖို့ ၃သိန်းပေးထားတာဘဲ မောင့်ဆီက ခွင့်တောင်းတာတွေ မကြိုက်ပါဘူး ကိုကို့အပိုင်ဘဲလေ ကြိုက်တာဝယ်ပါ"

ကိုကို ဟိကနဲသွားကလေးစိပြကာ

"အိမ်ထောင်ဦးစီးကို အသိပေးတာပါနော်"

ကိုကိုအတတ်ကလေးကြောင့် သူ့စိတ်ကလေး နူးညံ့ကျေနပ်မိပြန်သည်။

"ပိုက်ဆံကို ချွေတာသုံးရမယ်လေမောင်ရဲ့ ငါမှ ဖုန်းမလိုတာ"

you are coolWhere stories live. Discover now