Part 1*

1.4K 72 6
                                    

ကလင်~~ကလင်

မနက်ခင်း ၇ နာရီမှာ ကြားလိုက်ရတဲ့ စက်ဘီးဘဲလ်သံကြောင့် ဟိန်းသော်နိုင် အင်္ကျီ ကြယ်သီးတပ်လက်စကိုရပ်ကာ အခန်းရဲ့​ပြတင်းပေါက်မှတဆင့် အပြင်ကိုကြည့်လိုက်မိသည်။

ပုံမှန်အတိုင်း ဒီလိုအချိန်ဆို အဖြူအစိမ်းကျောင်းဝတ်စုံကိုဝတ်ကာ လွယ်အိတ်တစ်လုံးနှင့်စက်ဘီးစီးရင်းရောက်လာတတ်တဲ့ ကောင်းဆက်ရှိန်။ လက်ကိုဝေ့ယမ်းပြနေသည်မို့ ပြုံးပြလိုက်ပြီး ခဏစောင့်ဖို့ရာ လက်ဖြင့်သာအမူအရာပြလိုက်ရသည်။

" သားရေ မောင်ကောင်းဆက်လေး အိမ်ရှေ့ကိုရောက်နေပြီ။ မပြီးသေးဘူးလား "

ဤသည်ကား ဟိန်းသော်နိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ကြည်ခင်၏ အသံဖြစ်သည်။ ဟိန်းသော်နိုင်ဟာ ၁၀ တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘနှစ်ပါးဆုံးပါးသွားသည့်အတွက် အဒေါ်ဖြစ်သူနဲ့အတူ နေထိုင်နေခြင်းဖြစ်သည်။

အဒေါ်ဖြစ်သူရဲ့အရိပ်အောက်မှာနေရသော်လည်း မလွတ်လပ်ရသည့်အခါမျိုးမရှိ။ ဟိန်းသော်နိုင်အား မိခင်မေတ္တာအပြည့်အဝပေးနိုင်သောသူဟူ၍ပြောရင်လည်းမမှားနိုင်ပါချေ။

ကောင်းဆက်ရှိန်ကတော့ ဟိန်းသော်နိုင်နေသည့်လမ်းရဲ့တစ်လမ်းကျော်တွင်နေသော ၈ တန်းကျောင်းသားပင်ဖြစ်သည်။ ကောင်းဆက်ရှိန်ဟာ ဟိန်းသော်နိုင်ထက်အသက်ငယ်သော်ငြားလည်း ကလေးဆန်သည့် ကောင်လေးတော့မဟုတ်။ နှစ်ယောက်သားဟာ ပညာရေးစုံညီပွဲမှာတွေ့ကြရင်း ရင်းနှီးခဲ့ကြသည်ဟုပြောလျှင်မမှား။

" ကျွန်တော်ပြီးပါပြီ အဒေါ် "

ပြောလည်းပြောရင်း လွယ်အိတ်ကိုကောက်လွယ်ကာ အိမ်အပေါ်ထပ်ကအမြန်ပြေးဆင်းလာသော လှေကားရင်းမှာ ထမင်းချိုင့်ကိုင်ကာ စောင့်နေသော အဒေါ်ဖြစ်သူကိုတွေ့လိုက်ရသည်။

" အဒေါ် မနက်စာပါထည့်ပေးထားတယ် သားကောင်းဆက်နဲ့တူတူစားလိုက်နော်။ "

" ဟုတ်ကဲ့ " ဆိုကာ ဒေါ်ကြည်ခင်၏ ပါးတစ်ဖက်ကို ဟိန်းသောက်နိုင်ရဲ့ပါးတစ်ဖက်ကထိကပ်ကာ နှုတ်ဆက်လိုက်တော့ ဒေါ်ကြည်ခင်မှာအပြုံးတွေအတောမသတ်နိုင်အောင်ဖြစ်ရသည်။ ဒါဟာ ဟိန်းသော်နိုင်က ဒေါ်ကြည်ခင်အား မနက်ခင်းတိုင်းနှုတ်ဆက်နေကျပုံစံဖြစ်သည်။

ENDLESSحيث تعيش القصص. اكتشف الآن