"ဒီကလေး ဦးနှောက်ကတော့ လူကို ပင်းပန်းစေတဲ့အရာတွေ တွေးနေပြန်ပြီလား?"
ပြောရင် ရှေ့မှာရှိနေတဲ့ အကောင်ပေါက်လေးရဲ့ ဆံပင်တွေကို ဖွလိုက်တော့မှပဲ ခုနက ငြိမ်နေတဲ့ ကိုယ်လူချောလေးက ပြောလာပါတယ်။ "ငါ့ဆံပင်ကို ရှောက်မဖွနဲ့Tae ကြည့်ရဆိုးတယ်"
"ဒီလောက် ချစ်ဖို့ ကောင်းတဲ့ ကလေးလေးက ဘယ်လို လုပ်ကြည့်ရဆိုးမှာလဲ"
"ငါ ကလေး မဟုတ်တော့ဘူး"
"အဲ့ဆို လူကြီးလေးလား"
"Kim Taehyung မင်း ဆက်စနေအုံးမှာဆိုရင် ငါပြန်တော့မယ်"
"ဟားဟား မင်း မကြိုက်ရင် နောက် မစတော့ပါဘူး ဟုတ်ပြီလား ကလေးလေး"
"Taehyung!~"
"ဟားဟား"
"ငါပြန်ပြီ"
ချက်ချင်း ထသွားဖို့ လုပ်နေတဲ့သူကို လက်ကနေ အမြန်ဆွဲထားရတော့တယ်။ ကိုယ်လူချောလေးက သူ့ကို စိတ်ဆိုးနေပြီလေ။
"စိတ်မဆိုးပါနဲ့ကွာ"
"...."
" ဒီလိုလုပ် ဒီနေ့ညနေ့ ကိုယ် မင်းကို မုန့်လိုက်ဝယ်ကျွေးမယ်လေ"
"တကယ်လား"
"တကယ်"
"ဖြစ်ပါ့မလား မင်းက အလုပ်နဲ့"
"ဘယ်လောက်ပဲ အလုပ်က အရေးကြီးနေပါစေ Kim Seokjin ဆိုတဲ့ မင်းလောက်တော့ ဘယ်ဟာမှ အရေးမကြီးဘူး ရပြီလား"
"အွန်း ဒါဆို ငါတို့ ပထမ ဦးဆုံး စတွေ့တုန်းက ဟန်းမြစ်ကို အရင်သွားရမယ်"
"သဘောပါဗျာ"
Crush နဲ့ အပြင်အတူသွားရတော့မှာမို့ ပျော်နေတဲ့ Seokjinဟာ တစ်စုံတစ်ယောက်ရဲ့ စကားကိုပင် သတိမရတော့ချေ။
"အော်...အကို အကို ခုတော့ ဒီညီမလေးကို အလုပ်တွေနဲ့ ပြစ်ထားခဲ့ပြန်ပြီပေါ့"
အလုပ်လုပ်နေတုန်း ဖုန်းလာတာကြောင့် မုန့်အော်ဒါမှာတဲ့ သူထင်၍ ကြည့်လိုက်တော့ အကို ဆက်တာဖြစ်နေလေသည်။
"Hello"
📲"Gina အကို အရေးကြီးတဲ့သူနဲ့ သွားစရာရှိလို့ ဆိုင်ကို ကြည့်ထားပေးနော်။ ပြန်လာရင် Gina အတွက် မုန့်နဲ့ လက်ဆောင်ဝယ်လာမယ်"
YOU ARE READING
🖤 M.I.L.E🖤
Fanfictionဒါလေးက ကိုယ်ရဲ့ မြတ်နိုးရာ OTPလေးမို့အမှား တစ်စုံတစ်ရာ ပါသွားရင်ခွင့်လွှတ်ပါ။
part 7
Start from the beginning