Jungwon:ပြီးသွားပြီ Hyung
Jay:Hyungလည်း ပြီးပြီ...... wow.. Wonieလေးက တော်လိုက်တာ လှလှလေးကျစ်ထားတာဘဲ
Jungwon:ဟီးဟီး Hyungကျစ်တာလည်း လှပါတယ် ဒါနဲ့Hyung ဒါလေးကို အမြဲတမ်း တူတူဝတ်ရအောင်နော်
Jay:ဟုတ်ပါပြီဗျာ
Won'smom:ကဲ...ကလေးတို့ မုန့်စားရအောင် လာ
Jay&Won:ဟုတ်ကဲ့

Mariaတစ်ယောက် ဒီနေ့သားဖြစ်သူလည်းကျောင်းပိတ် သူလည်းအလုပ်နားတဲ့ရက်ဖြစ်တာနဲ့ စျေးထဲကို တစ်ပတ်စာကြိုဝယ်ဖို့ရန် ထွက်ခဲ့၏။
စျေးထဲတွင် Mariaတစ်ယောက် အသီးဝယ်နေခိုက်
?:သမီး Maria
Maria ထိုအသံကြားလိုက်ရုံနဲ့ အသီးရွေးနေတဲ့လက်တို့ ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်မိတော့၏။
Maria:ဖေဖေ?
Maria's Dad:သမီးလေး
ဆိုပြီး လက်လေးအား နူးနူးညံ့ညံ့လေး ကိုင်ဆွဲရင်း
Maria's Dad:သမီး ဖေဖေတို့ စကားခဏပြောကြရအောင်
Maria:ဟုတ်ကဲ့ ဖေဖေ

ဆိုပြီး သားအဖနှစ်ယောက် ကော်ဖိီဆိုင်တစ်ဆိုင်သို့ ထွက်လာကြသည်။
Maria's Dad:အစစ အရာရာ အဆင်ပြေရဲ့လား သမီးငယ်
Maria:ပြေပါတယ် ဖေဖေရဲ့ သမီးမှာ သားလေးလည်းရှိတယ် သားလေးက အစ်ကိုနဲ့ တပုံစံတည်းလေ အရမ်းချစ်ဖို့ကောင်းတာ ဖေဖေရဲ့
Maria's Dad:ဖေဖေ အကုန်သိပြီးပါပြီ သမီးရယ်
Maria:ကောင်းတာပေါ့ အကုန်သိထားတော့
Maria's Dad:သမီးကို ဖေဖေတောင်းပန်ပါတယ်
Maria:ဘာအတွက်လဲ ဖေဖေ
Maria's Dad:အရာရာအတွက်ပါ
Maria:ပြောစရာမရှိတော့ရင် ပြန်ပါရစေ ဖေဖေ အိမ်မှာသားလေးတစ်ယောက်တည်း မလို့
Maria's Dad:သမီး အိမ်ကိုပြန်လာပါတော့ကွယ် သမီးမေမေရဲ့ကျန်းမာရေးက အရမ်းဆိုးနေပြီ သမိီးငယ်ရဲ့
Maria:မေမေက သမီးကို လိုတယ်တဲ့လား သူ့သမီးကြီးမရှိဘူးလား ဟင်
ဆိုပြီး ခနဲ့/ရွဲ့မိတဲ့ Maria
Maria's Dad:သမီးမေမေက သမီးလေးကို အမြဲမေးနေခဲ့တာပါကွယ်
Maria:ဟုတ်ပြီ သမီး အိမ်ပြန်လိုက်မယ် ဒါပေမယ့် ဖေဖေ ကတိတစ်ခုတော့ ပေးပါ သားလေးကို အကောင်းဆုံးစောင့်ရှောက်ပါ့မယ်လို့ ပြီးတော့ သားလေးအကြောင်း ဖေဖေအကုန်သိပြီးသားဖြစ်မှာပါ အဲ့အတွက်လည်း အမြန်ဆုံး ပျောက်ကင်းအောင် ကုသဖို့ စီစဥ်ပေးပါ
Maria's Dad:အဖေ အဖေ့မြေးလေးအတွက် အစစ အရာရာအဆင်ပြေအောင် စောင့်ရှောက်မယ် လို့ ကတိပေးပါတယ်
Maria:ကျေးဇူးပါ ဖေဖေ

The Red spider lily's Theory Where stories live. Discover now