Part 2 ( Unicode & Zawgyi )

285 51 14
                                    


Unicode

        ဒီပုံစံအတိုင်း ကိုကိုနဲ့အနေဝေးစွာ နေလာရင်းတစ်နေ့တော့ ကျွန်တော့်ရဲ့ကံဆိုးမိုးမှောင်မှုကြီးက ကျ ရောက်လာခဲ့တော့သည်။ကိုကိုမရှိဘူးအမှတ်နဲ့ ကိုကို့အခန်းထဲဝင်ကာ လွမ်းလာခဲ့တယ့်ဒဏ် တွေကိုယ်ကိုကို့ကိုယ်သင်းနံ့လေးနဲ့ ဖြေဖျောက်ရတာလဲ သူ့ရဲ့အလုပ်တစ်ခုလိုဖြစ်လာခဲ့ရသည်။

"ကျွန်တော်ကိုကိုကိုယ့် အရမ်းချစ်တာဘဲ‌ဗျာ...အဲ့ဒါကိုကိုမသိဘူးမှတ်လား?"

*ဂျလောက်*

"ဟင်..."

ကိုကိုရဲ့စားပွဲလေးမှာထိုင်ပြီးကိုကို့ဓာတ်ပုံလေးကိုယ်ကြည့်ကာချစ်ကြောင်းတွေပြောနေခဲ့မိတာလဲခနခနပင်...။ဒါပေမဲ့ ဒီတစ်ခါတော့ ဓာတ်ပုံလေးအပြင် ဓာတ်ပုံပိုင်ရှင်ပါကြားသွားခဲ့ချေပြီ...။

"ကို...ကို..."

"ပတ်ခ်ဂျီမင်း...မင်းခုနကဘာပြောနေတာလဲ ပြန်ပြောစမ်းပါအုံး..."

"ကျွန်...ကျွန်တော်...ကျွန်တော် ကိုကိုကိုယ့်ချစ်တယ်လို့ အစ်ကိုတစ်ယောက်လိုမဟုတ်ဘူး...။ချစ်သူရည်းစားလိုမျိုး ချစ်တာ..."

ဒိအခြေအနေရောက်မှတော့ မထူးတော့ဘူးလေ...။သိမယ့်သိ အကုန်သိသွားအောင် ပြောရတော့မည်...။ရင်ထဲမှာရှိတယ့် ခံစားချက်အစစ်အမှန်တွေကိုယ် ကိုကိုသိသွားရုံနဲ့တင် ကျွန်တော်လုံ‌ လောက်ပြီ...။

ပြန်ချစ်ဖို့အတွက်မတောင်းဆိုသလို...မုန်းဖို့အတွက်လဲ မမျှော်လင့်ထားဘူး။

"မင်းက gayလား?"

တစ်ခွန်းထဲပါဘဲ....။ကိုကိုပြန်ပြောလိုက်တယ့်စကားကတစ်ခွန်းထဲဘဲ...။ဒါပေမဲ့ အဲ့စကားကြောင့်ကျွန်တော့်ရင်ထဲထိပါ နာကျင်သွားရတယ်ဗျာ...။

G.A.Y...   gayတယ့် English အက္ခရာ သုံးလုံးထဲရှိပေမဲ့ အဲ့သုံးလုံးကိုယ် ပေါင်းရင်းထွက်လာခဲ့တယ့် အဓိပ္ပာယ်ကတော့ တစ်ဘဝလုံးကိုယ်ဖျက်ဆီးပြစ်ဖို့အထိတတ်နိုင်သည်။

"ကျွန်တော် gayမဟုတ်ဘူးကိုကို....ဒါပေမဲ့ ကိုကိုကိုယ်ချစ်မိလို့ gayဆိုရင်လဲ ကျွန်တော်ခံယူလိုက်မယ်...။ဟုတ်တယ် ကျွန်တော်က gayတစ်ယောက်..."

ကိုကိုကျွန်တော့်ကိုယ်ချာတိတ်လို့မခေါ်နဲ့...Where stories live. Discover now