ဂျီအွန်း အမြန် ထိုနေရာသို့ရောက်သွားပေမယ့် ဟန် ဇနီးမောင်နှံ နှစ်ဦးကြား သွေးတွေနှင့်မေ့မြောနေတဲ့ကလေးငယ်ကိုသာ ကယ်ထုတ်လာနိုင်ခဲ့သည်။
သူရောက်သွားတဲ့အချိန် လူတွေအုံခဲနေပြီး ကားဟာလဲ ပျက်စီးသွားသည်မှာ ရစရာမရှိ။

အဆိုးထဲမှ အကောင်းဟုဆိုရမလား ယူဂျင်းလေးဟာ ဘေးမသီရန်မခစွာ အသက်ရှင်နေခဲ့သည်။
သို့ပေမယ့် ကလေးငယ်ဟာ သတိမမေ့ခင် အရာအားလုံးကို မြင်တွေ့ခဲ့ရပုံပင်။

"မလာနဲ့ ယူဂျင်းဆီ မလာနဲ့ ကြောက်လို့ပါ ယူဂျင်းကြောက်လို့ပါ ဟင့် မလာကြပါနဲ့!!"

မျက်ရည်တွေတသီသီ စီးဆင်းလျက် မျက်နှာလေးတစ်ခုလုံး နီရဲနေသည်အထိ အော်ဟစ်ငိုယိုကာ တောင်းပန်နေတဲ့ကလေးငယ်အား မတ်ချူးက မကြည့်ရက်နိုင်စွာ အကွယ်တစ်နေရာတွင် သွားငိုနေပုံပေါ်သည်။

ဒီအခြေအနေတွင် ဂယူ့ကို ခေါ်လိုက်လျှင် ပိုဆိုးသွားမည်ဖြစ်တာကြောင့် သတိမပေးဖြစ်သေးပါ။

"သား..ယူဂျင်းလေး.."

အလောတကြီး ရောက်လာတဲ့ ကျန်းဟာအို..
ဘယ်ကတည်းက ငိုနေခဲ့မှန်းမသိ မျက်လုံးတွေဟာ ဖောင်းကာနီရဲလျက်
နောက်တွင်လဲ တပ်ကြပ်မကွာ လိုက်လာတဲ့ဆောင်းဟန်ဘင်း မငိုမိအောင် တင်းခံထား၍ မေးကျောတွေပါထောင်ထနေသည်ကို ဂျီအွန်းမြင်နေရသည်။

ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်း ဝေးကွာနေကြတဲ့သူတို့နှစ်ဦးဟာ ယူဂျင်းအကြောင်း ကြားသိရခြင်း ရှေ့ဆက်နောက်ဆက် အရောက်လာခဲ့ကြသည်။

"ပါပါးသားလေးရယ် သနားစရာကောင်းလိုက်တဲ့ကလေးလေး ဟင့် "

ကျန်းဟာအိုဟာ ယူဂျင်းအား တင်းကျပ်စွာပွေ့ဖက်၍ မျက်ရည်တွေဟာ အတားအဆီးမဲ့ကျနေသည်။

ပါပါးတို့မကောင်းခဲ့တာပါ အဲဒါကြောင့် ယူဂျင်းလေး မကောင်းတာတွေဘဲဆက်တိုက်ကြုံတွေ့နေရတာ ဒီမိဘတွေမကောင်းခဲ့တာပါကလေးရယ်...။

"သွား! မလာနဲ့ မလာကြနဲ့ ကြောက်တယ်လို့ ယူဂျင်းကြောက်တယ်လို့ မလာကြပါနဲ့ သားကြောက်လို့ပါ ဟင့် ​"

P O S S E S S I O N (Complete)Where stories live. Discover now