"ဧကရာဇ်က ကောင်းကင်ဘုံရဲ့သားတော်ပါ။ ဒီလို အားနည်းတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုများ အနိုင်ကျင့်နိုင်ပါ့မလဲ။ ဒီလိုအရာမျိုးကို လူဖျင်းတွေကပဲ လုပ်တာပါ"
မော့ရုန်ကျန်းက မျက်ခုံးပင့်လိုက်ကာ ပြောသည်။
"ဆိုတော့ မင်းက ကျန်းကို လူဖျင်းလို့ ပြောတာပေါ့"
"ဒီသခင်မလေးက အဲဒီလို မပြောမိပါဘူး"
ယဲ့ကျန်းက ခေါင်းကိုမော့ပြီး တည်ငြိမ်စွာ ဖြေသည်။
"မင်းရဲ့စိတ်ထဲမှာ အဲဒီလိုတွေးနေခဲ့တာ မဟုတ်လား"
မော့ရုန်ကျန်းက လေသံတိုးတိုးဖြင့် မေးသည်။ သူက ရုတ်တရက် ရေပူစမ်းအတွင်းတွင် သူမကို ဆုံခဲ့ချိန်က အဖြစ်အပျက်များကို ပြန်သတိရသွားသည်။ ထိုမိန်းကလေး၏ ကြော့ရှင်းကြည့်ကောင်းပြီး လှပသော ခန္ဓာကိုယ်က ရေသူမလို ရေထဲမှ ပေါ်ထွက်လာဟန်ကို ပြန်တွေးမိသွားသည့်အခါ သူ၏မျက်လုံးများက မှေးကျဉ်းသွားပြီး ယဲ့ကျန်းကို တွေးတွေးဆဆ ကြည့်သည်။
ယဲ့ကျန်းဟာလည်း ကြောက်လန့်မှု မရှိဘဲ သူ့ကို ကြည့်လျက် ပြောလိုက်သည်။
"ဧကရာဇ်က တခြားလူတွေ ဘာတွေးသလဲဆိုတာကို ဂရုစိုက်တာပါလား"
ဘယ်လောက်တောင် ရိုးရှင်းလိုက်တဲ့ စကားဝှက်လဲ။
မော့ရုန်ကျန်းမှာ ဒီလိုအရှက်မရှိတဲ့ ဘက်ခြမ်း ရှိမယ်လို့ ငါ မထင်ထားဘူး။
164 02
မော့ရုန်ကျန်းကလည်း ယဲ့ကျန်း၏ သူ့ထံ မူတည်နေသော ဒေါသကို ခံစားမိသည့်အခါ ရယ်တော့သည်။
"ကျန်းက မင်းကို မင်းသားငယ်ကို ကုသခိုင်းတာနဲ့ပဲ မင်းက အခုလို ဒေါသကြီးနေပြီလား"
"ဒီသခင်မလေးက အတွန့်မတက်ရဲပါဘူး"
ဧကရာဇ်ရဲ့ရှေ့မှာ အတွန့်တက်တယ်လို့ ငါ ဝန်ခံလိုက်ရင် ငါရူးနေလို့ပဲ။
"မင်းက ဝန်ကြီးလုလင်ကျစ်ရဲ့ ခြေထောက်ဒဏ်ရာကို အချိန်တိုအတွင်းမှာ ပျောက်ကင်းအောင် ကုသနိုင်တယ် ဆိုကတည်းက မင်းသားငယ်ရဲ့ရောဂါကိုလည်း ကုသနိုင်မယ်လို့ ယုံကြည်တယ်"
![](https://img.wattpad.com/cover/314436867-288-k49197.jpg)
Part 164
Start from the beginning