Chapter 2

3.9K 294 0
                                    


Unicode

ကံကောင်းထောက်မစွာဖြင့်မှောင်နေပြီဖြစ်တာကြောင့်အိပ်ဆောင်တံခါးရှေ့တွင်လူများစွာဖြတ်သန်းသွားလာခြင်းမပြုပေ။

နင့်ရှိုးယွမ် ရဲ့ ခွန်အားကကြောက်မက်ဖွယ်ကောင်းအောင်အလွန်ပြင်းထန်သောကြောင့်ချန်လီသည် သူ့လက်ကောက်ဝတ်အဆစ်လွဲတော့မည်ဟုထင်မိသည်။ဒီလိုမျိုးအကြိမ်များစွာကြုံဖူးတာကြောင့်လဲဖြစ်ကောင်းဖြစ်နိုင်မည်။တစ်ဖက်လူကိုဒေါသထွက်ပြီးမပေါက်ကွဲစေရန်အလို့ငှာ ချန်လီသူ့ရဲ့နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ပိတ်ထားလိုက်သည် ။

" ဒီနေ့ ဘယ်ရောက်နေတာလဲ "
နင့်ရှိုးယွမ် ကသူ့ကိုမေးသည်။

သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုသည် သူငယ်ချင်းမပြောနဲ့အသိမိတ်တွေလို့တောင်ပြောလို့မရပေ။နင့်ရှိုးယွမ်အတွက် ချန်လီ က စိတ်ဝင်စားစရာကောင်းတာထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခုလိုဖြစ်သည် ။ တစ်ဖက်လူက သူ့အတွက် ​ကျောင်းစရိတ်နဲ့ သူ့အမေအတွက်ဆေးဖိုးဝါးခတွေထောက်ပံ့ပေးထားသော နင့်မိသားစု ဖြစ်တာကြောင့် နင့်ရှိုးယွမ်သည် သူ့ကိုပိုင်သောသူဖြစ်သည်။

ကျောင်းတွင် ချန်လီ သည် နင့်ရှိုးယွမ်နဲ့မည့်သည့်ပဋိပက္ခမှ ဖြစ်ရန်မလိုလားပါချေ။သူ့ရဲ့မျက်တောင်တွေဟာမှေးစင်းကျသွားပြီးသူ့နှုတ်ခမ်းများဟာကွေးညွှတ်နေရာကနေ ဖြောင့်တန်းသွားသည် ။သူ့ရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာ မမြင်နိုင်ပါ ။

" ပြတိုက်ကိုသွားနေတာ "

နင့်ရှိုးယွမ်ကရီမောလိုက်သည် ။သူသည်ကောလိပ်တက်နေပြီး အမြဲတမ်းသူ့ရဲ့ စာသင်ကြားနေပါသည် ဆိုတဲ့စကားတစ်ခွန်းကိုသာပြောသည်။

" လောလောဆယ်တော့ထားလိုက်ပါတော့ ဒါပေမဲ့ နောက်ကျရင် ငါ့ရှေ့မှာ ဘာမှမကစားတာကအနာဂတ်မှာမင်းအတွက်ပိုကောင်းမယ် "

"....." ချန်လီ တိတ်ဆိတ်နေလိုက်သည် ။

နင့်ရှိုးယွမ်ကသူ့လက်ကိုလွှတ်လိုက်ပြီး drive seat ဖက်ကိုပြောင်းထိုင်လိုက်သည်။သူလွှတ်ချလိုက်သောလက်ကောက်ဝတ်သည် အချိန်အနည်းငယ်လောက်မလှုပ်ရှားနိုင်ဖြစ်သွားရသည် ။လမ်းမီးတိုင်များရဲ့အဝါရောင်မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင်သူ့လက်ကောက်ဝတ်မှာရှိတဲ့အနီရောင်အမှတ်တစ်ခုကိုဖျက်ခနဲတွေ့လိုက်ရသည် ။

Strong Offense ( Book 1 mmtran )Where stories live. Discover now