"တော်ဝင်မင်းသမီး ရီက ငယ်ရွယ်သေးလို့ ဘာကိုမှ နားလည်သေးတာ မဟုတ်ဘူး။ ဒီတော့ သူနဲ့ ပတ်သတ်ပြီး ဗွေမယူပါနဲ့"

တော်ဝင်မင်းသမီးသည် ယနေ့အချိန်အထိ အဆင့်အတန်း မြင့်မားနေသေးသည်။ သူမအာဏာကြောင့်ပင် ဖြစ်စေ၊ သူမ၏တော်ဝင်တရားရုံးမှ ကိစ္စများကို နားလည်သဘောပေါက် နိုင်စွမ်းကြောင့်ပင် ဖြစ်စေ သူမ၏အာဏာက မြင့်မားနေသေးသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က မင်းသားချုံလျိုဟာ တော်ဝင်နန်းတော်သို့ အောင်မြင်စွာ ဆက်ခံနိုင်ကြောင်း ခံစားမိသည့်တိုင်အောင် သူက ကြာကြာမထိုင်နိုင်မှန်း သူမက နားလည်ခဲ့သည်။ ထို့ကြောင့် လျို့ဝှက်စွာဖြင့် မော့ရုန်ကျန်းကို အာဏာရရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမက ယနေ့တွင် အခြားသော အိမ်တော်များနည်းတူ စံအိမ်အတွင်းတွင် အကျဉ်းချခံထားရလောက်ပြီးလေပြီ။

"ဧကရာဇ်ပြောတာ အမှန်ပါပဲ။ မင်းသားငယ်က ကလေးတစ်ယောက်ပဲ။ ဒါပေမဲ့ လုယောင်ယောင်ကတော့ အခုလေးတင် ဒီမင်းသမီးကို မရိုမသေ ပြုထားတယ်။ ဒီမိန်းကလေးက ကျင့်ဝတ်ထုံးတမ်းတွေကို နားမလည်ဘူး။ အရှင်မင်းကြီး ဒီမင်းသမီးရဲ့နန်းဆောင်ကပဲ ဒီမိန်းကလေးကို သင်ခန်းစာပေးခွင့်ပြုပါ"

"တော်ဝင်မင်းသမီး မယ်တော်ကြီးက ဒီမိန်းကလေးကို အရမ်းနှစ်ခြိုက်တာ။ မင်းကသာ သူမကို ရင်ဆိုင်ချင်ရင် မယ်တော်ကြီးကို အရင်ဆုံးမေးသင့်တယ်"

မော့ရုန်ကျန်းက မျက်ဝန်းနက်များက တောက်ပလာသည်။

"ကျန်းက အခုလေးတင် လုယောင်ယောင်က လျိုဟွားနဲ့ တစ်ကြိမ်မှ မတိုက်မိလိုက်ဘူးဆိုတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ နောက်ပြီး လုယောင်ယောင်က တော်ဝင်မင်းသမီးကို ပြောတဲ့လေသံမှာလည်း ရိုင်းပြတဲ့အသုံးအနှုန်းမျိုး မကြားခဲ့ရဘူး"

163 02

သူမက တိုက်ပွဲတွင် တိုက်ရိုက်ပင် ရှုံးသွားကြောင်း သိလိုက်သည့် တော်ဝင်မင်းသမီးက ပြောသည်။

"ဒီလိုဆိုမှတော့လည်း ဒီမင်းသမီးက မိန်းမငယ်လေးကို အကြာကြီး ဆွဲမထားတော့ပါဘူး။ လျိုဟွား မယ်တော်ကြီးက တို့တွေကို စောင့်နေတယ်။ သွားကြစို့"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now